အပိုင်း (၁)

20.2K 635 21
                                    

{Unicode}

... ဟုတ်တယ်...
ဒီက ကောင်းကင်ပြိုရင်တောင်
မကြောက်တတ်တဲ့သူ...။

****

UAE

ဒူဘိုင်းရဲ့သဲကန္တရတစ်ခုထဲမှာ ဒီနေ့ brand တစ်ခုအတွက် shooting ရှိနေတာ ဖြစ်သည်။ အမျိုးသမီး modelတစ်ယောက်ပါ ပါပြီး နှစ်ယောက်လုံးက အတွဲညီညီ ဆောင်ရွက်နေတာပင် ဖြစ်သည်။

"Cut! Break time! "

ပြောလိုက်သည့် နောက်မှာတော့ ရှုတင်ရပ်နားသည်မို့ အနားယူဖို့ ပြင်လိုက်မိသည်။ ချက်ချင်း ပြင်ဆင်ထားသည့် ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ပြီး ဖုန်းကို ကြည့်လိုက်မိတော့ IG chatboxကနေ ပို့လာသည့် စာများ...

{သားကြီး... ဘယ်အချိန် ပြန်လာမှာလဲ? ဒီမှာ car racing ရှိတယ်... အားလုံးက model အမြင့်ပိုင်းတွေနဲ့ ပြိုင်မှာ}

{သား... ဘယ်အချိန် ပြန်လာမှာလဲ? ဒီနေ့မလား? လက်မှတ်ရော ဖြတ်ပြီးပြီလား? မင်းရဲ့ Dad ကို လက်မှတ်ဖြတ်ခိုင်းလိုက်ရမလား}

ပါးပါးဆီက ထိုစာကို မြင်မိချိန်မှာတော့... ချက်ချင်းဆိုသလို Dad acc ကို Vc ခေါ်လိုက်မိသည်။

တစ်ဖက်မှ ပေါ်လာသည်က အရင်ဆုံး Dad...

"ကဲ... ခြသေ့်ပေါက်... ပြန်လာတော့မှာလား? "

"ဟုတ်ကဲ့... Night flight ဖြစ်မယ် Dad. ပါးပါး ရှိလား Dad"

"ရှိတယ်... မင်းပါးပါးက နိုင်ငံခြားက modelတွေ တရုန်းရုန်းနဲ့  မင်းကို စိတ်မချ​ဖြစ်နေတာ... Clubတက်ပြီး သူများနိုင်ငံမှာ ပြဿနာ ဖြစ်မှာစိုးနေတာ...။"

"ဘာမှမဖြစ်ပါဘူး Dad. ဒီမှာ အဆင်ပြေပါတယ်... ကျွန်တော် hotelမှာပဲ နေဖြစ်တာ...။"

"မင်းပါးပါးက ဟိုနေ့က မင်း IG မှာ တင်ထားတဲ့ ပုံကို တွေ့သွားလို့နေမယ်...။ အဲ့ဒီမှာက မင်းက ကလပ်ရောက်နေတာ မလား? ပြီးတော့... အလန်းစား နိုင်ငံခြားသူမော်ဒယ်လေးတွေနဲ့လေ..."

"အဲ့ဒါက ဒီအတိုင်း ရှုတင်ပြီးတော့ hotel အနီးက Club ကို ခဏသွားတာ Dad. ပြီးတော့ အဲ့ဒီမှာ Fan တစ်ချို့နဲ့ လုပ်ဖော်ကိုင်ဖက် မော်ဒယ်တွေနဲ့ နူတ်ဆက်တာပါ Dad. ပြန်လာမှ ပါးပါးကို သေချာပြောလိုက်ပါ့မယ်..."

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now