{Unicode}
... ကိုယ့်ကို ထိုးဖို့ ရည်စူးထားရင်လည်း
ဒီ့ထက်ရှည်တဲ့ ဓားကို
ယူခဲ့သင့်တာပေါ့... အချစ်ရယ်။***
ယခင်အပိုင်းမှ အဆက်...
ဟုတ်တယ်... အဲ့ဒီပန်းတွေက ခင်ဗျားအတွက် ခူးပြီး ခူးခဲ့တဲ့ ခင်ဗျားကို မထိမကိုင်ခိုင်းခဲ့တဲ့ ကျုပ်လွယ်အိတ်ထဲက ပန်းတွေ....
သူက ဒေါသကြီးနေသည်မို့ အနမ်းဘာလုပ်ရမှန်း မသိတော့...။ သူကတော့ စိတ်ဆိုးကာဖြင့် အခုထက်ထို မပြေနိုင်သေးဘဲ လှေကားခုံဘေးနားက နေရာမှာ ထိုင်နေသည်။ သူ့လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ် တင်ထားပြီး တစ်ခါတစ်လေ စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းပေါ်မှ ဆံပင်များကို ပွတ်သပ်ခါထုတ်နေသည်။
အိမ်မှာတော့ ဖေကြီးက မရှိ.. ပါးပါးပဲ ရှိသည်။ ပါးပါးကတော့ ဘာမှမပြောနဲ့ သားဖြစ်သူနှင့် အနမ်း၏ ဖြစ်ပျက်ပုံကိုသာ လုပ်လက်စ အလုပ်ကိုတောင် မပျက်ဘဲ ကြည့်နေသည်။
အနမ်းလည်း သူ့ဆီကို ခဏအကြည့်ရောက်ပြီးသည်နှင့် သူသွန်ခဲ့သည့် ပုံနှင့်အတူ ပြန့်ကျဲနေသည့် ပန်းများကို အနည်းငယ် ပေကျံနေသည့် အညစ်အကြေးများကို ဆေးကာ... ပုံထဲသို့ ပြန်ထည့်လိုက်မိသည်။ ထို့နောက် ပါးပါးရှိရာဆီသို့...
ပါးပါးကတော့ ဖေကြီးအဝတ်အစားကို မီးပူတိုက်နေသည်။ အနမ်းလည်း ပါးပါးဘေးနားမှာ ပန်းပုံလေးကို ထားလိုက်ပြီး....
"ပါးပါး... အနမ်း တောင်းပန်ပါတယ်... တကယ်တော့ ပြီးတဲ့အချိန်က ကိုးနာရီလောက်ဖြစ်ပေမယ့်... ကျောင်းထဲက ကိုးတောင်ပြည့်စေတီမှာ သန့်ရှင်းရေး ကူလုပ်ပေးနေရလို့ပါ။ အနမ်းတောင်းပန်ပါတယ်... ပန်းတွေကိုလည်း အနမ်းသေချာ ဆေးကြောပေးထားပါတယ် ပါးပါး..."
ထိုအချိန်မှာတော့ ပါးပါးက အနမ်းကို ပြုံးရယ်ကာ ကြည့်လာရင်းမှ...
"အဲ့ဒီပန်းတွေကို ဘာလို့ ပါးပါးကို လာပေးနေတာလဲ? သားကြီးက မင်းအတွက် တကူးတက ခိုးပြီး ခူးပေးခဲ့တာလေ... "
"ဟင်... ဘယ်လို... ပါးပါး..."
အနမ်းကတော့ ပါးပါးပြောသည့် စကားတစ်ခွန်းကြောင့် မျက်လုံးတို့ ပြူးကာ အံ့သြသွားမိလေသည့် အချိန်မှာတော့ ပါးပါးက... သူ့လုပ်လက်စ အလုပ်ကိုပင် ဆက်ပြီး လုပ်နေရင်းမှ...
YOU ARE READING
ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)
Randomမင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မှ သားဖြစ်ပြီး သားအကြီး၏ Ukeသည် ဇာတ်ကောင်အသစ်ဖြစ်ပါသည်။