အပိုင်း (၁၆)

9.5K 457 33
                                    

{Unicode}

... ဟုတ်တယ် မုန်းလွန်းလို့
မင်းကို ငါက လွဲပြီး
ဘယ်သူမှ ထိလို့ ယူလို့ မရအောင်
ဒဏ်ခတ်ထားမှာ...

****

ယခင်အပိုင်းမှ အဆက်...

သူ့ပုံစံက ဝေး၍ ဝေး၍ သွားပြီဆိုတာ သေချာမှ အစောနက သူ့အနား ဝဲလည်လည် လိုက်နေသည့် လူသုံးယောက်နောက်ကို လိုက်မိသည်။

လျှပ်စစ်မီးရပေမယ့်... ရတာမကြာသေးဘူး ထင်သည်။ လမ်းမီးတိုင်များက စိုက်ထူထားတာမျိုး ရှိပေမယ့် မီးကြိုးများက သွယ်တန်းမှုမရှိသေးတာမို့ သီတင်းကျွတ်... ဝါကျွတ်လွတ်မှာတော့ လရောင်မှိန်မှိန်ကသာ တလောကလုံး ငွေရောင်ခင်း၍...

တရွေ့ရွေ့ လျှောက်သွားမိပြီး အစောနက မှတ်သားထားခဲ့သည့် လူသုံးယောက်ကို ဆီမီးဖောင်များ ဂိတ်ဆုံးအဖြစ် မျှောလွှင့်ရာ ဂိတ်ပေါင်းဆီသို့...

ထိုသို့ ရောက်ပြီဆိုတာနဲ့ ပေါင်းပေါ်မှာ ထိုင်ကာ ဟေးဟား လုပ်နေသည့် လူသုံး​ယောက်...
တွေ့ပြီ။ သေချာအောင် ဆန်းစစ်ပြီးဆိုသည်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ ထို့နောက်...

မိနစ်အနည်းငယ် အကြာ...

ထိုသုံးယောက်လုံးက မူးနေသည့် အရှိန်ကြောင့်ရော... လူမှန်းသူမှန်း မသိတာရောကြောင့် အားသိပ်မထုတ်လိုက်ရဘဲ မှောက်သိပ်ပြီးသား ဖြစ်နေသည်။

သူတို့ကို ထိုးနေအတွင်း... ထိုအထဲမှ တစ်ကောင်က ပေါင်းဘောင်ကို မှီကာ ရှိနေပြီး... ဒီက ချိန်ရွယ်ထိုးလိုက်သည်ကို ရှောင်လိုက်သည်မို့... အရှိန်က နောက်ဘက်မှ ဘိလပ်မြေအုတ်ပေါင်းတံတိုင်းဆီသို့...

ဒါကြောင့် သွေးအနည်းငယ် ထိခိုက်ပွန်းပဲ့ဒဏ်ရာနှင့်အတူ... ရှိနေသည်။ ဒါကြောင့်မို့ အိမ်ရောက်ရင်တော့ အခြေအနေကို ကြည့်ရမည်ဖြစ်သည်။

ပေါင်းတစ်ဖက်မှာ ကိုယ်တိုင် မှောက်သိပ်ထားသည့် သုံးယောက်လုံးကို တစ်ချက်ကြည့်ရင်းက လယ်ကွင်းများဘက်ကို မျက်နှာမူကာ အိတ်ကပ်ထဲမှ ဆေးလိပ်ဗူးကို ယူသည်။ ထို့နောက် ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်ပြီး မီးညှိကာ ရှိုက်ဖွာလိုက်မိသည်။

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now