Thadingyut Scene

4.3K 302 50
                                    

... ချစ်ခြင်းနှင့် အချစ်ခံရခြင်း

****

18.10.2024

ဒီနေ့ အခါရက်မို့ နံနက်ပိုင်း ဥပုသ်သီတင်းသီလ ယူရမည် ဖြစ်သည်။ မနေ့က ကတည်းက အခါရက်အတွင်း စားဖို့ မုန့်လည်း လုပ်ထားပြီး ဖြစ်သည်မို့ ရွာဦးကျောင်းမှ ကျောင်းထိုင် ဆရာတော်ကြီးကို မိသားစုများ စုံလင်နေတုန်း ကန်တော့ဖို့ ပြင်မိသည်။

အစတုန်းကတော့ သားနှစ်ယောက်အတွက် ရတက်မအေး ဖြစ်နေပေမယ့် အခုက အရာအားလုံးက အဆင်ပြေနေခဲ့ပါသည်။ အခုဆို အစ်ကိုလည်း သားမက်ဖြစ်သူနှင့် ပို၍တောင် တည့်လို့နေခဲ့ပါသည်။

ဘာလို့လဲဆိုတော့ သားမက်ဖြစ်သူက သူ့စရိုက်နှင့် အတော်လေးကို တူညီသည်မို့... အစတုန်းကတော့ မိဘတွေကို မျက်နှာပျက်အောင် လုပ်ရကောင်းလားဆိုပြီး အငယ်လေးကို စိတ်ဆိုးခဲ့ပေမယ့်... အခုတော့ အငယ်လေးကို အဲ့ဒီကောင်လေးထက် ဘယ်သူမှ ပိုမချစ်နိုင်တာကို သိသွားသည့် အချိန်မှာတော့ လက်ခံပေးခဲ့ပါသည်။

ဟိုက ငွေကြေးအမြောက်အမြားနဲ့ တင်တောင်းပြီး ရွာထဲက ပြောနေသည့် ပါးစပ်ပေါက်များကို ဖြတ်ရိုက်ပစ်ခဲ့သည်။ နောက်မှ သိလိုက်ရသည်က... အဲ့ဒီကောင်လေးက အတော်လေးကို ချမ်းသာသည့် မိသားစုမှ မွေးဖွားလာပြီး သူကိုယ်တိုင်က ငွေကြေးအမြောက်အမြား ပိုင်ဆိုင်ထားသည်။

အိမ်ကို လာသည့် အခါတိုင်း ကား ဆိုင်ကယ် ထပ်ကို မထပ်ရ...။ ဒီကြားထဲ အိမ်က သူ့ဖေကြီးနှင့်အတူ အကြီလေးကိုလည်း ပေးခဲ့တာ များသည်။ နောက်တော့..မပေးခဲ့ဖို့ပင် ပိတ်ပင်တားဆီးမိသည့် အထိ...

သူကိုယ်တိုင်က International model တစ်ယောက်... Brand Ambassasor တစ်ယောက်ဖြစ်ပြီး နိုင်ငံခြား ခရီးစဥ်တွေကိုလည်း ခဏ ခဏ သွားရလို့ စိတ်မချရဘူး ထင်ပေမယ့် သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ... ကိုယ့်သား နာမည်တွေချည်း...။

အထူးသဖြင့် သူ့နားအနောက်က မိန်းမ ဆိုသည့် အသုံးအနှုန်း
​အမြဲတမ်း အငယ်လေးကိုသာ ကြည့်နေတတ်သည့် သူ့အကြည့်များကြောင့် အငယ်လေးကိုတော့ စိတ်ချရတာထက် ပိုသည်။

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now