အပိုင်း(၁၁)

9.4K 411 24
                                    


{Unicode}

ဟုတ်ပါတယ်...
သိပ်တိုတတ်ပါတယ်...
ကျုပ်အပိုင်လို့ ယူဆထားတဲ့သူမလို့ ပိုတိုပါတယ်။

****

ရက်အနည်းငယ် အကြာ...

သူအရက်သောက်ပြီး အဲ့ဒီညက အပြုအမူများက အနည်းငယ် ကလေးဆန်ခဲ့သည်။ အနမ်းကို အိမ်သို့မပြန်ခိုင်းဘဲ သူ့အိမ်မှာပဲ ရှိနေစေခဲ့သည်။

အဲ့ဒီနေ့က...

ထမင်းဟင်း စားသောက်ပြီးသည့်နောက်မှာတော့ အရင်ဆုံးစားပြီးသည့် သူက... လက်ကို သေချာဆေးကာ သူတို့အိမ်က ရေကန်အနားမှာပင် ညမွှေးပန်းများကို ရိုးတံမှ ခြွေကာ ဘာတွေအလုပ်ရှုပ်နေသည်လဲ မသိ။

နေလည်း ကောင်းတာမဟုတ်ဘဲ ပေါက်ကရတွေကိုသာ လုပ်နေခဲ့သည်။ မီးဖိုချောင်ထဲမှ အကုန်လုံးကို သိမ်းဆည်းပြီးသည်နှင့် ပါးပါးတို့ကို နူတ်ဆက်လိုက်မိသည်။

ထို့နောက် နောက်ဆုံးအနေနဲ့... ရေကန်ဘက်မှာ အခုထက်ထိ အမူးပြေနေဟန် မရှိသည့် သူ့ဆီသို့ သွားမိသည်။ သူ့အနားမှာ ခြေစုံရပ်ပြီးသည့် တစ်ခဏမှာပဲ သူလုပ်နေသည့်အရာများကို မြင်မိတော့ အံ့သြပြီး ကြောင်အ သွားမိသည်။

ဟုတ်ပါသည်... သူက ညမွေးပန်းရဲ့ ရိုးတံအရှည်များမှ တစ်ဆင့် ပန်းခွေတစ်ခုကို ရအောင် ရက်လုပ်နေတာပင် ဖြစ်သည်။

"...ရည်ရွယ်... အနမ်းပြန်တော့မယ်နော်..."

ထိုအချိန်မှာတော့ သူက ပန်းကို ကုံးထားသည့်နေရာမှာ အာရုံစိုက်ထားရင်းမှ အနမ်းကို မေ့ကာ ကြည့်လာသည်။

"နေဦး... ကျုပ် လက်စသပ်လိုက်ဦးမယ်..."

ထို့နောက် အနမ်းကို သူက သူ့ပန်းကုံးအတွက် ခဏစောင့်ဖို့ ပြောကြားချိန်မှာတော့ အနမ်းလည်း ဘာမှမပြောဘဲ စောင့်ပဲစောင့်နေလိုက်မိတော့သည်။ အတန်ကြာသည့် အချိန်မှာတော့ သူလက်ထဲမှ ပန်းကုံးက ပြီးဆုံးသွားလေသည်။

ထို့နောက် သူကိုယ်တိုင် ရက်လုပ်ထားသည့် ပန်းကုံးကို အနမ်းဆီသို့... အထူးသဖြင့် အနမ်းခေါင်းပေါ်သို့ ဝတ်ဆင်ပေးသည်။ ထို့နောက် အစောနကပင် သူ့ကိုသူ မောင်သုံးနှုန်းသွားသည့် လူထံမှ ဘီယာအနံ့များနှင့်အတူ မျက်နှာပေါ်မှ ကျေနပ်သည့် အပြုံးတစ်ခု...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now