အပိုင်း (၂၆)

8.7K 379 37
                                    

{Unicode}

... ချစ်လို့ ချစ်တာ
ဟုတ်တယ်
တစ်လောကလုံးမှာ
ငါ လိုအပ်တဲ့ တစ်ဦးတည်းသော သူက
မင်းပဲ.....

***

ဒီနေ့ တန်ဆောင်မုန်း လဆန်း ၁၄ရက်နေ့ပင် ​ဖြစ်သည်။ တစ်ခြားမြို့နယ်များမှာတော့ စည်ကားလှသည့် တန်ဆောင်တိုင် ပွဲများကို ကျင်းပပေမယ့်... ကျွန်တော်တို့ဆီကတော့ သူခိုးကြီးညလို့သာ သတ်မှတ်ထားသည်မို့...။

ဒီနေ့ တန်ဆောင်မုန်း လဆန်း ၁၄ရက်နေ့ပင် ဖြစ်သည်။ ဖုံးတုံးလုံးတုံး တန်ဆောင်မုန်းဆိုသည့်အတိုင်း အနှံထွက်ဖို့ အားယူနေသည့် စပါးပင်များက ဝမ်းဗိုက်ပူနေပြီ ဖြစ်သည်။

မောင်က လယ်ကွက်တွေထဲက ရေအခြေအနေကို တစ်ချက်ကြည့်ပြီး အနမ်းရှိရာ တဲငယ်ပေါ်သို့ ပြန်ရောက်လာပြီ ဖြစ်သည်။

မောင်က သူ့ပုခုံးပေါ်က တူရွှင်းပြားကို ချကာ.... အနမ်း ရှိနေသည့် တဲပေါ်သို့ တက်လာပြီး အနမ်းဘေးအနားသို့ ထိုင်လာသည်။ မောင့်ဆီကတော့ ချွေးနံ့နှင့် ရောနေသည့် အမွှေးရနံ့သင်းသင်းကတော့ ပျံ့လွင့်နေသည်မို့ အနမ်းလည်း သဘောကျစွာ ပြုံးလိုက်မိသည်။

"မောင်... အနမ်း ပြောစရာ ရှိတယ်..."

"အင်း... ပြောလေ..."

မောင်က သူ့အင်္ကျီပေါ်မှ ကပ်ငြိနေသည့် ရွံ့နွံများကို ခါချနေသည်။

"မောင်... အနမ်း အိမ်ကို ပြန်စရာရှိတယ်။"

ထိုအချိန်မှာတော့ မောင်က ကလေးလေးတစ်ယောက် စိတ်ကောက်နေသလိုပင် ရှိနေသည်။ ရုတ်ချည်းဆိုသလိုပင် အနမ်းဆီသို့ စိတ်အလိုမကျသည့် မျက်နှာဖြင့် ကြည့်လာသည်။ တကယ်ဆို သူ့ခန္ဓာကိုယ်နဲ့က အဲ့လိုအမူအရာမျိုးဆိုတာ လုံးဝ ဟပ်စပ်မှုမရှိ...

"မောင်..."

"ခင်ဗျား မောင့်ကို ထားခဲ့ဦးမလို့လား..."

မောင်က သူ့ကို ထပ်ပြီး ထားခဲ့မှာ စိုး၍ ထင်သည်။ မျက်နှာက လုံးဝကို စိတ်ဆိုးနေဟန်ဖြင့်... ပြောလာသည့် အချိန်မှာတော့...

"ဟမ်... မဟုတ်တာ... မောင်ပါ လိုက်ရမှာလေ...။ အနမ်းတို့ဆီ မောင်က ရွှေပြမျိုးပြအနေနဲ့ လိုက်ရမှာလေ...။"

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now