အပိုင်း (၁၃)

9.4K 433 23
                                    

{Unicode}

... ဟုတ်တယ်...
ထိန်းချုပ်ထားတဲ့ အတိုင်းအတာကသာ
လွတ်ထွက်သွားခဲ့ရင်...

***

နံနက်ခင်း...

ညတုန်းက သူနှင့်အတူ ကုတင်တစ်ခုတည်းပေါ်မှာ အိပ်ခဲ့ရပြန်သည်။ အခုအိပ်ခဲ့သည်က သူကိုယ်တိုင် အိမ်ကို လာခဲ့တာပင် ဖြစ်သည်။ အဲ့ဒီအကြောင်းက တွေးကြည့်မိတိုင်း... အနမ်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ... ပြီးတော့ ရင်ခုန်သံများက မြန်ဆန်နေပြီး... စိတ်နှင့်လူနှင့်မကပ်အောင် ဖြစ်နေမိသည်။

ပြီးတော့ အဲ့ဒီအကြောင်းကို တွေးမိတိုင်း... အနမ်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အနမ်း အိ​ပ်မပျော်တော့ဘဲ နံနက်စောစော အိပ်ရာမှ ထလိုက်ပြီး မျက်နှာသစ်ကာ အစားအသောက်ချက်သည်။ ဘုရားဆွမ်းတော်ကပ်ပြီးသည့်နောက်မှာတော့ အဘွားအတွက် ပြင်ဆင်ပြီးသည်နှင့် သူတို့အိမ် သွားဖို့ ပြင်ဆင်မိသည်။

သူကတော့ အနမ်း ပြင်ဆင်ပြီးသည်နှင့် အိပ်ရာပေါ်မှ ထ ကာ အနမ်းကို ကြည့်နေသည်။ အနမ်းလည်း မြန်မြန်ပြင်ဆင်ပြီး အိမ်တံခါးမှ ထွက်လေတော့... သူကပါ အနမ်းနောက်သို့ ထပ်ကြပ်မကွာပင် လိုက်ပါလာသည်။

အနမ်းနှင့် သူ စကားမပြောဖြစ်ကြပေမယ့် အခုအပိုင်းမှာတော့ အချင်းချင်း နားလည်ပါသည်။ မနက်ပိုင်းပေမယ့် မိုးကတဖွဲဖွဲနဲ့ ဖြစ်နေပြီး.... သူရောကိုယ်ပါ ထီးတစ်ချောင်းထဲ အတူတူဆောင်းနေမိသည်။

သူက နေမကောင်းဖြစ်နေသည့် သူမို့... သူ့ကို အသာပေးဆောင်းပေးဖို့ ကြိုးစားပေမယ့်... သူကတော့ အနမ်းကိုပါ သူ့ဘက်သို့ ဆွဲယူလိုက်ပြီး... ပုခုံးကနေ သိုင်းဖက်ထားသည်။ သူ့အကျင့်ကို သိသည်မို့ အနမ်းလည်း ဘာမှမပြောတော့ဘဲ... သူနှင့်အတူ... သူ့သဘောအတိုင်း လိုက်ပါခဲ့မိတော့သည်။

မကြာမီပင် သူ့အိမ်တံခါးဝကို ရောက်လေတော့... သူကိုယ်တိုင် တံခါးကို ဖွင့်သည်။ ထို့နောက် အထဲကို ဝင်ပြီးသည်နှင့်... အနမ်းက အိမ်အလုပ်များကို စ ပြီးလုပ်မယ်ပြင်တော့... သူက...

"စောသေးတယ်လေ... ခဏ အိပ်ပြီးမှ ပြန်ထလိုက်လေ။"

သူက အဲ့လိုပြောပေမယ့်... အနမ်းကတော့...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now