{Unicode}
... တစ်ခါတစ်လေ
မဝေးဖို့
ရင်းနှီးလိုက်ရတဲ့ အရင်းအနှီးတွေက
မနည်းမနေပါဘဲ...။***
နှစ်ရက်မျှ ကြာသောအခါ...
အဲ့ဒီနေ့ကတည်းက သူ့အိမ်ကို မသွားတော့ဘဲ အနမ်း ဖေဖေ့ဆီကို ပြန်ဖို့ ကြိုးပမ်းနေခဲ့မိသည်။ ဘာပဲဖြစ်ဖြစ် အနမ်း ဒီကို လာခဲ့မိတာက သူ့ကြောင့်ပဲလေ...
အခုတော့ အနမ်းရဲ့ ရည်ရွယ်ချက်က ပျောက်ရှသွားခဲ့သည်မို့ အနမ်း သူရှိနေတဲ့ ဒီရွာလေးကို နောက်ထပ် ဘယ်တော့မှ ပြန်မလာဖို့...
အဲ့ဒီနေ့...
အဲ့ဒီနေ့ကတည်းက အနမ်းတို့ ပတ်သတ်မှုက ခပ်စိမ်းစိမ်းပင် ဖြစ်ခဲ့တာပင်။အဲ့ဒီနေ့ကတည်းက အနမ်း သူတို့အိမ်ကို မသွားဖြစ်တော့... တတ်နိုင်သမျှ ဘယ်ကိုမှ မထွက်ဘဲ အိမ်ထဲမှာပဲ နေဖို့ ကြိုးစားမိသည်။ ပြီးတော့ တတ်နိုင်သမျှ သူနှင့်မတွေ့မိအောင် နေဖို့ ကြိုးစားမိသည်။
တကယ်တော့ အနမ်းစဥ်းစားထားပြီးသားပင် ဖြစ်သည်။ မောင်သာ တစ်ခုခုအတွက် အခက်အခဲဖြစ်ပြီး အနမ်းနဲ့ ယှဥ်ပြီး ရွေးချယ်ရမယ်ဆိုရင်တောင် အနမ်းက နောက်ဆုတ်ပေးမှာပင် ဖြစ်သည်။
အခုတော့...
သတင်းတွေကတော့ ချဲ့ကားပြောသည်လား? တကယ်ပဲ ပြောနေကြသည်လား မသိ။ မောင်က ဒီအတိုင်းဆို ဝတီလေးကို တာဝန်ယူရမှာပင် ဖြစ်သည်။ကျွန်တော်နှင့် သူရဲ့ ပတ်သတ်မှုကတော့ ဒီအတိုင်း ထားလိုက်လို့ အဆင်ပြေပေမယ့် တစ်ဖက်က မိန်းကလေးက... သိက္ခာပိုင်းတွေ ရှိသည်။ ဟုတ်တာ မဟုတ်တာထား... အဲ့ဒီမိန်းကလေးရဲ့ သိက္ခာပိုင်းကို တစ်ချက် ကြည့်သင့်တာမို့။
မောင်ရယ်...
အနမ်း ဒီကို ပြန်လာတာ မောင့်ကြောင့် ဆိုပေမယ့် အနမ်းတို့က နီးရမယ့် ကံ မပါခဲ့ဘူး ထင်ပါရဲ့။ဒါပေမယ့်...
မောင်နဲ့ အနမ်းတို့ မဆုံဆည်းရဘူးဆိုရင်တောင် မောင့်ကိုတော့ ပိုကောင်းတဲ့ ဘဝလေးကို ရစေချင်သလို...
မောင်ရတဲ့ ဘဝလေးက မောင့်ကို အကျဥ်းချထားသလို ခံစားစေရမှာကို တကယ်ကို မလိုချင်တာမို့။
YOU ARE READING
ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)
Randomမင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မှ သားဖြစ်ပြီး သားအကြီး၏ Ukeသည် ဇာတ်ကောင်အသစ်ဖြစ်ပါသည်။