အပိုင်း (၂)

13K 500 28
                                    


{Unicode}

... ဒီကောင့် နှလုံးသားက
အဲ့ဒီမှာ စ တွေ့တာပဲ...။

***

သုံးရက် ကြာသောအခါ...

တစ်နေ့က ကားပြိုင်ပွဲ အပြီးမှာတော့ အိမ်မှာပဲ နေလိုက်ရသည်။ ကားရှေ့ဖုံးမှာ ပျက်စီးနေသည့် အတိုင်းအတာကလည်း အတော်ဆိုးသည်။ ပြီးတော့ လူပါ အနည်းငယ် ထိထားသည်မို့ ပါးပါးကို စိတ်မပူစေဖို့ ဘာမှကို မလုပ်ဘဲ ပါးပါး စိတ်တိုင်းကျ နေလိုက်ရသည်...။

ဒါပေမယ့် ဒီနေ့ကတော့ ကျောင်း ပထမဆုံး တက်ရမည့် နေ့မို့ အိမ်ကလည်း အကျယ်ချုပ်ကနေ လွှတ်မြောက်လာပြီ ဖြစ်သည်။

ဒါကိုတောင် ကျောင်းကို ကောင်းကောင်းမွန်မွန် သွားဖို့ ပါးပါးမှာသည့် စကားကို နားထောင်နေရသည်။

အိမ်ကနေ စိတ်ပူသည့် စကားများကြောင့် သူငယ်ချင်းများနဲ့ စောစောတွေ့ဖို့ ချိန်းထားစဥ်မှာပင် မီးပွိုင့်က မိနေသေးသည်။

မနက်ကတည်းက အရာရာအကြောင်းကြောင်း ဖြစ်နေသည်မို့ စိတ်ကလည်း သိပ်ပြီးမကြည်တော့...။

နာမည်ရေများစွာ ရေတွက်နေသည့် မီးပွိုင့်ကို စိတ်မရှည်မိတော့...။ ပါးပါးသာ မမှာထားဘူးဆိုရင် ကားကို ဖြည်းဖြည်း မောင်းမှာ မဟုတ်...

အဲ့..

"မင်း... ရ ရဲ့လား?"

"ရတယ်... ဘာမှမဖြစ်ဘူး... ဒီအတိုင်း ဖေကြီးတို့အကြောင်း စဥ်းစားရင်းနား လျှောက်လိုက်မိလို့ပါ။ ဘာမှမဖြစ်ပါဘူး... ဟင်းဟင်း..."

သူကတော့ မိမိနှင့် အဆောင်တစ်ဆောင်တည်း... တစ်ခန်းတည်းအတူ နေသည့် မေဂျာသူ သူငယ်ချင်း ဂုဏ်ရှိန်တိုး... သူကတော့ မန္တလေးသားပင် ဖြစ်သည်။

သူကတော့ ဖော်ဖော်ရွေရွေ နဲ့ ရှိနေပြီး ဒီမေဂျာကို သူ့အဖေရဲ့ လက်ငုပ်လက်ရင်းတွေအတွက် လေ့လာသည်တဲ့...။

"ကဲပါ... မင်းဖေကြီး အကြောင်း တွေးမနေနဲ့... လူကဖြင့် သေးသေးသွယ်သွယ်၊ ဆံပင်ကရှည်ရှည်နဲ့ မ ခံရမယ် ဟုတ်ပြီလား။ ဒီဘက်ကို လာလျှောက်..."

ဂုဏ်ရှိန်ကတော့ အဲ့လိုပင် ဖြစ်သည်။ ဖွယ့်ကို အရမ်းကာကွယ်ပေးတတ်တာပင် ဖြစ်သည်။ ဒါပေမယ့်လဲ စေတနာတွေ ပါနေသည်မို့ သူ့သဘောကျ နေရာကို ပြောင်းလိုက်မိတော့ သူက လမ်းမဘက်မှာ ရှိနေပြီး ဖွယ်က သူ့နဲ့ကွယ်က တစ်ဖက်မှာ...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now