အပိုင်း (၂၅)

7.8K 407 40
                                    

... ဘာ ဓားနဲ့ စောင့်နေမယ် ဟုတ်လား
အသေခံပြီးတော့ကို
လာမှာပါ။

(crd:poem)

****

တန်ဆောင်မုန်း လဆန်း

အိမ်ရောက်သည်နှင့် ဆက်သွယ်ထားသည့် ဖုန်းနံပါတ်ကို နှိပ်လိုက်မိသည်။ ထပ်ကာ ထပ်ကာ ခေါ်နေပေမယ့် ဖုန်းက မအားတာလား မသိတော့...

ခဏအကြာ... လေးခါလောက် ခေါ်ပြီးသည့် အပြီးမှာတော့...

📱...

"ဟယ်လို... အငယ်လေး... အငယ်လေးလား..."

တစ်ဖက်က ဖုန်းကိုင်လိုက်စဥ်မှာပဲ ဇွတ်အလောတကြီး ပြောလိုက်မိသည်။ ထိုစဥ်မှာပင် တစ်ဖက်ကတော့...

"ဟယ်လို... ဒါက ဘယ်ကနံပါတ်လဲဟင်..."

တစ်ဖက်က အမျိုးသမီးက ပြောလာသည့် အချိန်မှာတော့ အနည်းငယ် ရှုပ်ထွေးသွားပြီး...

"ရှု့မငြီးဖွယ်ဦးရဲ့ ဖုန်းနံပါတ်မဟုတ်လားဟင်... ကျွန်တော်က သူ့ရဲ့ ကိုကိုပါ။ မိသားစုဝင်ပါ..."

"မိသားစုဝင်... မိသားစုဝင် ဟုတ်လား..."

တစ်ဖက်က အမျိုးသမီးကတော့ အချိန်ကြာသည့်အထိ စဥ်းစားဟန် ပြုပြီးသည့် နောက်... နောက်ဆုံးမှာတော့...

"သြော်... ဟိုအကူအညီတောင်းတဲ့ တစ်ယောက် ခေါ်ထားတာ ထင်တယ်။ ဟို... ဘာတဲ့... ဖွယ် ဆိုလား"

ဖွယ်ဆိုသည့် နာမည်နှင့်အတူ အကူအညီတောင်းသည် ဆိုသည့်အသံကြောင့် သေချာသည်က အငယ်လေး ဒုက္ခရောက်နေသည် ဆိုတာပါပဲ။

ထိုအသံကြောင့်ပင် စိုးရိမ်ပူပန်သွားပြီး...

"ဟုတ်ကဲ့... သူ့မိသားစုဝင်ပါ... သူ အဆင်ပြေရဲ့လား သိချင်တာပါ။ ကိစ္စမရှိရင် ပြောပြပါ့လား... အိမ်က မိဘတွေ စိတ်ပူနေလို့ပါ။ သူက လူတစ်ယောက်နောက် ပါသွားလို့ပါ။"

"အင်း... သိပ်ပြီးတော့ တော့ အဆင်ပြေပုံမရဘူး...။ ပြီးတော့ သူ့ကို ခေါ်လာတဲ့ သူက ဘယ်ကိုမှ မထွက်ခိုင်းဘဲ အခန်းထဲမှာပဲ ပိတ်ထားတာ ထင်တယ်။"

တောက်!!
ဟိုကောင်...

လက်သီးကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now