{Unicode}
... Habibi ...
***
ည ဆယ့်တစ်နာရီ ၁၅မိနစ်...
စိတ်တိုင်းကျ နမ်းရှိုက်ပြီးသည့် နောက်မှာတော့ ငြိမ်ကျသွားသည့် သူက ဘာစကားမှမဆိုတော့...။ အစောနက အတော်လေး အကြမ်းပတမ်း ဆန်နေခဲ့သည်မို့ သူကတော့ အကုန်လုံး ဖရိုဖရဲအနေအထားဖြင့်...
သူကတော့ ဖရိုဖရဲဖြစ်နေသည့် သူ့ရဲ့အသွင်အပြင်များ အားလုံးကို သေချာစွာ ပြင််ဆင်ပြီးသည့်နောက်... နံဘေးမှာ ပြန့်ကျဲနေသည့် သူ့ပစ္စည်းများကို ကောက်နေသည်။ ပြီးတော့ နံဘေးမှ မိမိကို ဘာစကားမှ မဆိုတော့...
သူ့ပုံစံကို သဘောကျစွာ ငေးကြည့်နေမိတော့သည်။ လမ်းမီးတိုင်မှ အလင်းရောင်များကတော့ သစ်ပင်တစ်ချို့အကြားမှာ တိုးဖောက် ဝင်ရောက်လာသည့် အလင်းရောင်များက သူ့မျက်နှာအပေါ်မှာ မရဲတရဲ ကျရောက်နေသည်။
အစိတ်အပိုင်းတစ်ခုချင်းစီက အစ... သေးသေးလေးနဲ့ ဖွေးဖွေးလေးပင် ဖြစ်သည်။ ဘာစကားမှ မပြောတော့သည့် အနေအထားမှာပင် တစောင်းမြင်နေရသည့် သူ့ပုံစံလေး...
အချိုးအစားနေနေသည့် သူ့မျက်နှာလေး... နှာခေါင်းလေးက မိမိလိုပင် အတော်လေးကို ချွန်တက်နေသည့် အနေအထား မဟုတ်ပေမယ့် သေးသေးလေးနဲ့ အဖျားကော့ကာ စင်းစင်းလေး ဖြစ်သည်။
မျက်ခုံးမွှေး တန်းတန်းလေးတွေ... မျက်တောင်ရှည်တွေနဲ့ပင်။ ပြီးတော့ နူတ်ခမ်း...
မိမိရဲ့ အကြမ်းပတမ်း လှုံ့ဆော်မှုအောက်မှာတော့...အနည်းငယ်တောင် ထူအမ်းနေသလိုပင်။ ထပ်ကာထပ်ကာ ထွေးဆုပ်ထားခဲ့သည့်... နူးညံ့မှုက ခဏ ခဏ ဖိကိုက်ပစ်ချင်စရာ....လျှာဖျားတွေအထိပါ... လွန်ကြူးခဲ့ချင်ပေမယ့် ပထမဦးဆုံးဟူသော အတိုင်းအတာကြောင့် စိတ်ကို အတော်လေးကို ချုပ်တည်းခဲ့ရသည်။
ပြီးတော့ မေးဖျားသွယ်သွယ်လေးက ပကတိလှနေသည်က ထုဆစ်ထားသည့် ပန်းပုရုပ်လေးသဖွယ်...
ဒီလို အစိတ်အပိုင်းတစ်ခုချင်းစီက လှနေဖို့ရော လိုရက်လားပင်။ တစ်ခွန်းမှ စကားထွက်မလာတာက စိတ်ဆိုး၍ပဲလား... ကြောက်လို့ပဲလား မသိ...။
YOU ARE READING
ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)
Randomမင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မှ သားဖြစ်ပြီး သားအကြီး၏ Ukeသည် ဇာတ်ကောင်အသစ်ဖြစ်ပါသည်။