အပိုင်း (၉)

10.8K 465 20
                                    

{Unicode}

... အဲ့လိုတွေ လုပ်ချင်တာ လုပ်ပြီး
ဒီလူရဲ့ အသက်ရှုဖို့အတွက်တောင်
ခက်ခဲနေတဲ့ ရင်ခုန်သံတွေကို
နည်းနည်းလေးမှ သနားစိတ် မဝင်ဘူးလား?

****

နံနက်ပိုင်း...

"ဖွယ်က... အဆင်ပြေရဲ့လား ပါးပါး..."

"အဆင်ပြေတယ်... အဆင်ပြေတယ်...။ ဒီကိုတောင် ပြန်လာဦးမယ်ဆိုပဲ..။ ကိစ္စမရှိရင် တစ်နေကုန် မနေနဲ့နော် သား...။ ဒါနဲ့ တစ်ယောက်တည်း နွားကျောင်းတာက အဆင်ပြေရဲ့လား? ဟိုဘက်က ကလေးတစ်ယောက်လောက်ကို ငှားပြီး ထည့်ပေးလိုက်မယ်လေ..."

"ရတယ်... ပါးပါး။ ကျွန်တော် အဆင်ပြေပါတယ်..."

လယ်ဘက်ကို သွားကြည့်ရင်းဖြင့် မြက်ရိတ်.. နွားကျောင်းတာကို လုပ်ဖို့ဖြစ်သည်။ အခုလဲ လှည်းမှာ နွားတစ်ကောင်ချင်းစီ တပ်လျက် ရှိနေပေမယ့်... သားကြီးရဲ့ အကြည့်များက တစ်ချက်တစ်ချက် အနမ်းဆိုသည့် ကလေးရှိရာဆီသို့...

အချိန်ကြာသည့် အထိ ဘာမှမပြောဘဲ မျိုသိပ်ထားသည့် သားဖြစ်သူကို စကားလမ်းကြောင်း မလှမ်းပေးသလို... အစလည်း ဖော်မလာချိန်မှာတော့... နွားထိန်းသည့် ကြိုးကို ကိုင်ကာ လှည်းပေါ်ကို တက်သွားလေပြီ။

အင်း ဒီအတိုင်းအတာလောက်ဆို ဟိုကလေးကို မခေါ်သွားဘူး ထင်သပ... ဒါပေမယ့် အဲ့ဒီအတွေးက အရမ်းမှားနေခဲ့ကြောင်းကိုတော့... နောက်မှသိခဲ့ရပြီ ဖြစ်သည်။

နွားထိန်းကြိုးကို ကိုင်ကာ နွားနှင်တံကို ကိုင်... နွားမောင်းဖို့ အသင့်ဖြစ်နေသည့် သားဖြစ်သူက...

"ပါးပါး... အနမ်းကို ကျွန်တော် တောထဲခေါ်သွားချင်တယ်..."

"ဟမ်... ဘယ်လိုဖြစ်လို့..."

ထိုအချိန်မှာတော့ သားဖြစ်သူက ဘာမှမဖြေတော့ဘဲ နွားကို မောင်းဖို့ ပြင်ဆင်ချိန်မှာတော့...

"အနမ်းရေ... သား... ဒီမှာ ဒီတစ်ယောက်နဲ့ လယ်ထဲခဏလိုက်သွားနော်။ တစ်ယောက်တည်း မဖြစ်တဲ့ကိစ္စလေးတွေ ရှိလို့ပါ။"

"သြော်... ဟုတ်ကဲ့ ပါးပါး။ ဒါနဲ့ ဒီဟင်းအိုးလေးတွေက ဘယ်လိုလုပ်ရမလဲဟင်?"

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now