အပိုင်း (၂၄)

8.5K 373 22
                                    

{Unicode}

N:😒

... ချစ်ခဲ့မိပါသည်
ရူးလောက်တဲ့ အထိပေါ့။

****

နောက်တစ်နေ့...

နံနက်ပိုင်း...

အနမ်းတို့ အိမ်ကို မပြန်ကျသေးဘဲ ဟံသာဝတီလေးကို ချိန်းလိုက်မိသည်။ ပထမဆုံးမှာတော့ မောင် မပါသေးဘဲ အနမ်းနှင့်သူ နှစ်ယောက်တည်း တွေ့ဆုံဖို့ ကြိုးစားရမှာပင် ဖြစ်သည်။

၉နာရီ...

ချိန်းဆိုထားသည့် နေရာကိုပင် ဟံသာဝတီလေးက ရောက်လာသည်။ အနမ်းကိုတော့ သိပ်ပြီး ကြည်ဖြူပုံ မရသည့် အနေအထား....

သူက အနမ်း ချိန်းထားသည့် ဆိုင်ရှေ့ကို ရောက်စဥ်မှာတော့... ဆိုင်ထဲကို တစ်ချက်ကြည့်သည်။ အနမ်းက သူ့ကို လှမ်းကြည့်ပြီး ပြုံးပြလိုက်စဥ်မှာတော့ သူက အနမ်းရှိနေသည့် ဝိုင်းသို့...

မျက်နှာကို တစ်ခြားဘက်ကို လွှဲထားကာ ထိုင်လာလေပြီ..။ ထိုအချိန်မှပင် အနမ်းလည်း...

"ဘာသောက်မလဲ... ညီမလေး ကြိုက်တာမှာနော်..."

ထိုအချိန်မှာတော့ သူမက အလိုမကျစွာ မျက်မှောင်ကို ကျုံ့က ကြည့်လာပြီး...

"ရပါတယ်... လိုရင်းကိုပဲ ပြောပါ။ ကျွန်မက တစ်ခြားကိစ္စတွေလည်း ရှိသေးတယ်။"

သူမက အနည်းငယ် စိတ်မရှည်သည့် အနေအထားတစ်ခုမှာတော့ အနမ်းလည်း နောက်ထပ် ဝေ့ဝိုက်ဖို့ မစဥ်းစားတော့ဘဲ...

"ဝတီ... ညီမလေး ရည်ရွယ့်ကို လက်ထပ်ရင် ပျော်ရွှင်နိုင်တာလား..."

ထိုအချိန်မှာတော့ သူမက ရုတ်တရက် အနမ်းကို စူးရဲသော မျက်လုံးများဖြင့် ကြည့်လာပြီး...

"ဒါက ဝတီတို့ အိမ်ထောင်ရေး ကိစ္စပါ...။ အဲ့ဒါ ဒီဘက်ကနဲ့ မဆိုင်ဘူး ထင်ပါတယ်။ ဒါပဲမလား... ပြောစရာမရှိရင်... ဝတီ့ကို ခွင့်ပြုပါ။"

"ခဏလေး ညီမလေး... ဒီကိစ္စက ဝတီ... တကယ်လို့မှ ရည်ရွယ့်ကို ချစ်လို့ ဖြစ်တာဆိုရင် အနမ်း ရှောင်ပေးလို့ ရတယ်။"

"......."

ထိုအချိန်မှာတော့ သူမက ဘာမှမပြောလာပေမယ့် သူမ၏ လှုပ်ရှားမှုများက တွေးတောနေမှုကြောင့် အနည်းငယ် ရပ်တန့်သွားသလိုပင်...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now