အပိုင်း (၁၂)

9.7K 449 19
                                    

{Unicode}

... အင်း
လုပ်သတ်ချင်တာ...။

****

ယခင်အပိုင်းမှ အဆက်...

သူ့ခါးကြားထဲမှ ဓားကို ထုတ်ပြီးသည်နှင့် အခန်းထဲက နံရံမှာ ထောင်ထားသည်။ အမြဲတမ်း သွေးထားသော ဓားပီသစွာပင် ဓားသွားတို့က ထက်မြည့်နေကြောင်း မြင်ရုံနဲ့ သိနိုင်သည်။

သူကတော့ ဘာမှမပြောဘဲ သူ့နဖူးပြင်ပေါ် လက်တင်ကာ အိပ်ပျော်ဖို့ ကြိုးစားနေပုံရသည်။ အနမ်းလည်း သူ့အတွက် စိတ်ပူမိတာမို့ သူ့အင်္ကျီအပေါ်ထပ်မှ ကိုယ်ငွေ့ကို တိုင်းတာကြည့်တော့... သူက ချက်ချင်းဆိုသလို အနမ်းလက်ကောက်ဝတ်ကို ဆွဲထားသည်။

"ဘယ်သွားဖို့လဲ? ဘာလုပ်ဖို့လဲ?"

နှစ်ဆက်သော မေးခွန်းများကို ဆက်တိုက်မေးလာလေပြီ။ အနမ်းလည်း သူ့လက်ထဲမှ လက်ကို ရုန်းဖယ်ထွက်လိုက်ပြီးသည့်နောက်မှာတော့....

"နေမကောင်းနေတာမလား? ကိုယ်ပူကျဖို့ အရင်လုပ်ရမယ်လေ..."

ထိုစကားနောက်မှာတော့ သူက နဖူးပေါ် တင်ထားသည့် လက်အောက်မှ အကြည့်တို့က အနမ်းဆီ...

"ဘာမှမဖြစ်ဘူး...။ ခင်ဗျား ဘယ်သွားမသွားဘဲ ဒီမှာပဲ နေလို့ရမလား?"

"အင်း..."

သူ့စကားကို ခေါင်းညိမ့်ပြီးတော့သာ လက်ခံလိုက်မိသည်။ တကယ်ဆို အနမ်းက ဒီလိုပွဲတစ်ပွဲပွဲက အဝတ်အစားများဖြင့်ဆို အနည်းငယ် မလွတ်မလပ်သလို ခံစားမိသည်။ ဒါပေမယ့်လဲ သူက အနမ်းကို သူ့အနားနေဖို့ ပြောလာလေတော့... ဒီအတိုင်း နေလိုက်ဖို့ကလွဲပြီး မရှိတော့....။

ညနေပိုင်း...

သူက အနမ်းကို သူ့အနားထားပြီး အချိန်အတော်ကြာ အိပ်နေခဲ့တာပင်...။ အနမ်း သူ့ကိုစောင့်ပြီး နေခဲ့ပေမယ့်... အနမ်းမှာလည်း အလုပ်ကိစ္စတွေ ရှိတာမို့... ထို့အပြင် အနမ်းကိုယ်တိုင်က အိမ်သာသွားချင်သည်မို့ ရဲရဲဆုပ်ထားသည့် သူ့လက်ကို အသာအယာပင် ဖြုတ်ချပြီးသည့်နောက်... အောက်ကို ဆင်းလာခဲ့သည်။

လှေကားထစ်များကို ကျော်လွှားပြီး ဆင်းလာပြီး မီးဖိုခန်းထဲ ကြည့်မိတော့ ပါးပါးက အလုပ်ရှုပ်နေသည်။ ဒါကြောင့်မို့ ကပြာကယာပင် မီးဖိုခန်းရှေ့ ရပ်စောင့်ပြီးသည့်နောက်မှာတော့....

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now