...အစွန်းရောက်တယ်ဆိုတဲ့...အရာက...
***
ရက်အနည်းငယ် အကြာ
တန်ဆောင်မုန်းလ...
နံနက်ခင်း...
ဆောင်းရာသီ နံနက်ခင်းကတော့ အရမ်းကို ချမ်းချမ်းစီးစီးဖြင့်ပင် ရှိနေပြီ ဖြစ်သည်။ အနမ်းလည်း သူ့ဆီက ဖုန်းနဲ့ လှမ်းနိုးတာ ကြားသည်နှင့် အိပ်ရာကထ မျက်နှာသစ်လိုက်မိသည်။
မျက်နှာသစ်ရင်းမှ... အရင်တစ်ခါ... သူ့ဖွင့်ပြောခဲ့သည့် မင်္ဂလာဆောင်က အဖြစ်အပျက်က အခုထက်ထိ အနမ်းခေါင်းထဲမှာ တဝဲလည်လည် ဖြစ်သည်။
အဲ့ဒီနေ့က...
သူက မင်္ဂလာဆောင်အိမ်မှာ အနမ်းကို ထက်မြတ်နှင့်တွေ့ပြီးသည့်နောက်မှာ ဒေါသထွက်ပြီး ခေါ်လာခဲ့သည်။
မင်္ဂလာဆောင်အိမ်ထဲကနေ ထွက်သည်နှင့် အနမ်းလက်ကို ကိုင်ကာ မြန်မြန်ဆန်ဆန်ပင် သွားနေသည်။ ကြာတော့ အနမ်း သူ့နောက်က လိုက်ရတာ အဆင်မပြေတော့...။
အမောတကောနဲ့ပါ ဖြစ်လာမိသည်။ ပြီးတော့ သူခေါ်သွားသည့် နေရာက အနမ်းအိမ်ဘက်သို့ မဟုတ်တာမို့ အနမ်းလည်း... ထိုလမ်းဆုံလမ်းခွရောက်သည်နှင့်...
"ဟို... ခဏ... အနမ်းကို ဘယ်ခေါ်သွားမလို့လဲ? အနမ်း အိမ်ကို ပြန်မယ်လေ..."
သူ့ဆီကနေ ဇွတ်အတင်း ရုန်းကန်ဖို့ ပြင်လိုက်ပေမယ့် သူကတော့ အနမ်းကို လွှတ်မပေးလာဘဲ သူ့အိမ်ဆီသို့ ဇွတ်အတင်း ဆွဲခေါ်လာသည်။ အနမ်းနှင့် သူ.. လုံးဝ အင်အားခြင်း မမျှတသည်မို့ အနမ်းက သူ့နောက်သို့သာ... ယက်ကန် ယက်ကန် ပါသွားမိသည်။
မိနစ်အနည်းငယ် အကြာ...
အနမ်းတို့ မကြာခင်ပင် အိမ်ဝိုင်းထဲသို့ ဝင်လာလေပြီ။ အိမ်ဝိုင်း ခြံတံခါးကို ဖွင့်ပြီးသည်နှင့် သူက အနမ်းကို အိမ်ထဲသို့ ခေါ်လာသည်။ အခုချိန် ပါးပါးတို့ကတော့ အိမ်အောက်မှာ ဇာတ်လမ်းတွဲ တစ်ခုကိုသာ ကြည့်နေသည်မို့ အနမ်းတို့ကို ဘယ်သူမှ သတိမထားမိ...။
မကြာမီပင် သူကတော့ အနမ်းကို အိမ်ပေါ်သို့ ဆွဲခေါ်သွားလေသည်။ အိမ်ပေါ်သို့ ရောက်သည်နှင့် သူ့အခန်းဆီသို့ ခေါ်သွားသည်။ ထို့နောက် အခန်းတံခါးကို ပိတ်ပြီးသည်နှင့်... အနမ်းကို ကုတင်ပေါ်သို့ အရှိန်ဖြင့် တွန်းလှဲသည်။ ထို့နောက်... သူက သူ့ကိုယ်ပေါ်မှ အနွေးထည် အင်္ကျီကို ချွတ်လာသည်။
YOU ARE READING
ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)
Randomမင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မှ သားဖြစ်ပြီး သားအကြီး၏ Ukeသည် ဇာတ်ကောင်အသစ်ဖြစ်ပါသည်။