အပိုင်း (၃)

12.7K 687 87
                                    

{Unicode}

...အဲ့ဒီအကောင်အထည်ကို
ဒီကောင်က မြင်ရုံနဲ့တင်...
စိတ်မချနိုင် ဖြစ်တော့တာ...

တစ်ခါမြင်ရုံနဲ့တင်...
မလုံလောက်လို့... အပိုင်ပါ သိမ်းရမှာ...။

****

နောက်တစ်နေ့...

ဝပ်ဆင်းဓိပတိ..

မနေ့က စာရွက်လိပ်ပေါ်က နာမည်ကို ကြည့်လိုက်မိသည်။ ဂုဏ်ရှိန်တို့က ဒီကျောင်းက မိန်းကလေး queen ဆိုတော့ ကိစ္စမရှိ...။ သွားတွေ့ရင်လည်း တစ်ကျောင်းတည်းဆိုတော့ လွယ်မှာပင်... ထို့အပြင် queen တစ်ယောက်မို့ မသိတဲ့သူ မရှိမှာ သေချာသည်။

ဒါဆို ဖွယ်က...

နာမည်နှင့်အတူ လူပုံစံ အရိပ်အမြွတ်ကို senior အစ်မများက ပြောပြလိုက်သည်။ သူက ဒီတက္ကသိုလ်နဲ့ဝေးတဲ့ တစ်ခြားတစ်ဖက်က ကျောင်းကတဲ့...။

မနက်ပိုင်း တစ်နာရီ သင်ပြီးနောက်မှာ အားလပ်နေသည့် ကြားပိုင်းကို ထိုတက္ကသိုလ်ဘက်သို့ ထွက်လာမိသည်။

လမ်းလျှောက်ရင် ကြာနိုင်တာမို့ ဘတ်စ်ကားဖြင့်ပင် ထိုနေရာသို့...
ကားပေါ်မှ ကားမောင်းဆရာကို အဲ့ဒီတက္ကသိုလ်ရှေ့ ရောက်နိုင်သည့် အနီးဆုံးမှတ်တိုင်ကို ချပေးခိုင်းထားသည်။

မကြာပါ... ဘယ်လောက်မှ မစီးလိုက်ရ...
ဘတ်စ်ကားပေါ်မှ ဆင်းလိုက်မိသည်။ ကျောင်းကြီးက အတော်လေးကို ကျယ်ဝန်းပြီး သစ်လွင်ခန့်ညားမှုအပြည့်...

တက္ကသိုလ်ရဲ့ အပေါက်ဝမှာ ကျောင်းစောင့်သဘောမျိုးလား သေချာမသိသည့် လူက ရှိနေသည်မို့ ဖွယ် ဘယ်လိုလုပ်ရမလဲ မသိ။ ဖွယ်က တစ်ခြားဘက်က ကျောင်းသားဖြစ်သည်။ ဒီကျောင်းက မဟုတ်... ဒီကျောင်းကို သိသည့် ပုံစံနဲ့... လာရင်တောင် အဲ့ဒီလူကို တစ်ခါမှ မတွေ့ဖူး....။

တဖြည်းဖြည်းဖြင့် စိတ်ညစ်လာပြီး ငိုချင်လာမိသည်။ ထို့နောက် အချိန်လည်း သိပ်ပြီးမရှိတာမို့... တက္ကသိုလ် တံခါးပေါက်အနားသို့ တရွေ့ရွေ့...

တက္ကသိုလ် အဝင်ပေါက်...

တက္ကသိုလ် အစောင့်က ဖွယ့်ပုံစံကို တစ်ချက်ကြည့်လာပြီး... အနည်းငယ် မရင်းနှီးသလို ရှိနေသည်မို့...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now