အပိုင်း (၁၅)

10K 470 37
                                    

{Unicode}

... အလွမ်းဆိုတာ
သတိရခြင်းတွေနဲ့ လုံးထွေးထားတဲ့
ကုရာ နတ္ထိ ဆေးမရှိတဲ့ ရောဂါတစ်မျိုးပါပဲ။

တစ်ခါတစ်လေမှာ
အချစ်ဆိုတဲ့ အရာက
အမုန်းအဖြစ်သို့...

****

ရက်အနည်းငယ် ကြာသော်...

"မနက်ဖြန် မနက်စောစောကားနဲ့ အနမ်း ထွက်သွားမှာပါ ပါးပါး။ မေမေနဲ့ ညှိနှိုင်းခဲ့ပြီးပါပြီ။ မေမေ့ပုံစံနဲ့က... ပါးပါးတို့အတွက်ရော... ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနမ်းပြဿနာလေးတွေကို အနမ်းဘာသာ ရှင်းဖို့ ကြိုးစားပါ့မယ်။"

"........."

"ပြီးတော့... အနမ်းနဲ့ ငယ်ငယ်လေးကတည်းက ကွဲသွားတဲ့ ဖေဖေနဲ့လည်း အဆက်အသွယ် ပြန်ရပြီမိုလို့..အနမ်း သွားတွေ့ချင်မိပါတယ်။ ဒီအတောအတွင်း... အနမ်း ရည်ရွယ်တည်ပျိုးကိုရော ပါးပါးတို့ကိုရော အသုံးချသလို... ဖြစ်သွားခဲ့ရင် အနမ်း တောင်းပန်ပါတယ်... အနမ်း ခွင့်လွှတ်မှုကို တောင်းခံချင်ပေမယ့်... အနမ်းအတွက် မရဲပါဘူး။ အခွင့်လည်း မရှိတာမို့ပါ...."

"မဟုတ်တာ.... ဒါက.."

"ပြီးတော့ ရည်ရွယ်တည်ပျိုး ကို အရမ်းကို အားနာမိပါတယ်...။ မကောင်းတာလုပ်စားတဲ့ မိန်းမတစ်ယောက်ရဲ့ သားဆိုပေမယ့် အနမ်း ဒုက္ခရောက်ချိန်မှာ သူက ကောင်းကောင်းမွန်မွန် ကယ်တင်ထားပေးပါတယ်...။ အဲ့ဒါကိုလည်း အနမ်းလုံးဝ မေ့မှာမဟုတ်ပါဘူး။"

"နောက်ဆုံး အနေနဲ့တော့... သားကြီးနဲ့ တွေ့ပြီး သားကြီးဘက်က သဘောထားကို အရင်မေးစေချင်တယ်။ ပြီးတော့ သားကြီးကို အသိပေးပြီးမှ ထွက်သွားတာက ပိုအဆင်မပြေဘူးလား?"

တကယ်တော့ သားဖြစ်သူ၏ ခံစားချက်ကို ရိပ်မိပါသည်။ သားဖြစ်သူက ဒီအတိုင်းကို အနမ်းကို ချစ်သွားတာမျိုးပင် ဖြစ်သည်။ ဒါပေမယ့် သူတို့နှစ်ယောက်အကြား မပွင့်လင်းမှုက အရာရာတိုင်းကို မရှင်းမလင်းနဲ့ နောက်ကျသွားမှာ စိုးရိမ်မိသည်။

ထိုအချိန်မှာတော့ အနမ်းက ငြိမ်သွားပြီး တစ်စုံတစ်ရာကို စဥ်းစားသလိုဖြင့်ပင်... ဘာတွေ ဒီလောက် ခက်ခဲနေကြသည်လဲ မသိ။

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now