အပိုင်း (၆)

12.8K 548 37
                                    

{Unicode}

... ဒီကောင်ရဲ့ the other side တွေကို
ပြအောင် မလုပ်နဲ့နော်...
Habibi

***

ယခင်အပိုင်းမှ အဆက်...

ဖွယ့်မှာတော့ သူ့လုပ်ရပ်ကြောင့် ဘာစကားမှမပြောနိုင်တော့ဘဲ ရှိနေချိန်မှာပင် သူက သူ့လက်မောင်းတစ်ဖက်က ကွေးလာပြီး ဖွယ့်လည်ပင်းပေါ်ကို ဖိချကာ ရစ်သိုင်းလာသည်။

ဖွယ်လည်း ရုတ်တရက် လန့်သွားသည်မို့... သူ့လက်မောင်းကို ဖွယ့်လည်ပင်းမှ ဖယ်ထုတ်ဖို့....

ထိုအချိန်မှာတော့... သူက...

"ငါက မင်းအတွက် လုံးဝ အန္တရာယ် ရှိစေမှာ မဟုတ်ဘူး... ဒါကြောင့် ငါ့အနားမှာ နေလို့ရတယ်...။"

အန္တရာယ် မရှိစေရဘူး...
ဟုတ်ရဲ့လား? သူ့ပုံစံက ပုံမှန်အတိုင်းတော့ အဆင်ပြေနေပေမယ့် တစ်ချက်တစ်ချက် ပေါ်လာသည့် သူ့ရဲ့sideက ဘာကြောင့်မှန်းမသိ... ကြောက်ဖို့ ကောင်းသည်ဟု ထင်မိသည်။

ပြီးတော့ အခုလောလောဆယ်က အဲ့ဒီsideကို ဖုံးကွယ်ထားတာ မဟုတ်ရင်တောင် မပေါ်လာသေးတာ ဆိုရမှာမျိုး... သူ့နောက်ကွယ်က side တစ်ခုခုကို ခန့်မှန်းမိသည်။ ဘာလို့လဲဆို... သူ့vibeက ဖော်ရွေပြီး နားလည်မှုအပြည့် ရှိနေတာမျိုး မဟုတ်...

စကားနည်းပြီး တစ်ခါတစ်လေ မျက်နှာတည်တည်ဖြင့် အကြည့်... အဲ့ဒီအကြည့်က အတော်လေးကို ကြောက်ဖို့ ကောင်းသည်။ သူက ဒေါသလည်း ကြီးမည်ထင်သည်။ ဘာလို့လဲဆို... ဖွယ့်ကို ထိတွေ့သည့်အခါတိုင်း... နူးနူးညံ့ညံ့ဆိုတာထက် မြဲအောင် တင်းကြပ်စွာ ဖိဆုပ်ထားတာမျိုးက... မသိရင်ဘဲ ချုပ်ထားသလို ဖြစ်တာမို့...

သူ့ရဲ့ အပြုအမူတွေက တစ်ဆင့် သူကအန္တရာယ်ရှိကြောင်း သတိထားမိပါသည်။ ဘာလို့လဲဆို... သူ့မှာ ဖေကြီးလို vibeမျိုး အပြည့်အဝရှိသည်။

သူပြောသည်က သူက အန္တရာယ်မရှိဘူးတဲ့... သေချာတာမျိုးက... သူက လုံးဝအန္တရာယ်ရှိတာကို ဖော်ပြနေသလိုပင်....
ကြောက်သည်။

(A/N - အေး... ကျုပ်လည်း ကြောက်တယ်)

နံနက်ပိုင်း...

ယိမ်းချင်ယိမ်း... ဒီကောင်ဆီ ယိမ်း (Husband effect)(Complete)Where stories live. Discover now