Chapter - 16 [အစီအရင်အား လက်တွေ့အသုံးပြုခြင်း ]

830 93 0
                                    

Chapter - 16 [အစီအရင်အား လက်တွေ့အသုံးပြုခြင်း ]

#unicode

ချူရုံသည် ကုတင်အသစ်အား အခန်းထဲတွင် နေရာချလိုက်သည်။ နေရာသိပ်မကျန်တော့ပေမယ့် ချူကျင်းဇီက သူမအဖေလုပ်ပေးခဲ့တာအတွက် အရမ်းကျေးဇူးတင်နေခဲ့တယ်။

အမျိုးသမီးလီက ချူကျင်းဇီအတွက် အိပ်ရာပြင်ဆင်ပေးလိုက်ပြီး "ကျင်းဇီ အရင်ရက်တွေတုန်းက သမီးအစ်မနဲ့ တိုးပြီးအိပ်ခဲ့ရတဲ့အတွက် အမေစိတ်မကောင်းပါဘူး"

"အမေ အဲဒီလိုတွေမပြောပါနဲ့...သမီးတို့က မိသားစုတွေပဲလေ"

"အမေ သမီးကိုမနှောင့်ယှက်တော့ဘူး ကောင်းကောင်းအနားယူလိုက်ဦး"

"ဟုတ်ကဲ့ အမေ"

ချူကျင်းဇီက အိပ်ရာပေါ်လှဲကာ ဟိုသည်လိမ့်လိုက်သော်လည်း အိပ်မပျော်နိုင်ခဲ့ပါချေ။ သူမက ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် အများကြီး အိပ်စရာမလိုပေ။

သူမရဲ့ ခေါင်းကိုလှည့်လိုက်ပြီးနောက် ဘေးကကုတင်မှာအိပ်နေတဲ့ ဒုတိယအစ်မအားကြည့်လိုက်သည်။ ထို့နောက် ဝိညာဉ်ရေးအာရုံတစ်ခုချန်ထားခဲ့လိုက်ပြီး အိပ်ရာမှထခါ အိမ်ကထွက်လာခဲ့သည်။

သူမက တောထဲသို့ ပျံသန်းလာခဲ့ပြီးနောက် ကျားကြီးက သူမနောက်မှလိုက်ကာ ခြေထောက်အား ပွတ်သပ်နေခဲ့သည်။

ချူကျင်းဇီက ပြုံးလိုက်ပြီး ကျား၏ခေါင်းအား ပုတ်ပေးခဲ့သည်။ သူရဲ့အမွှေးတွေက နူးညံ့လွန်းတာကြောင့် ကိုင်ရသည်မှာအလွန်ကောင်းလေသည် "အသီးတစ်ခုခုများရှိမလားဆိုတာ သွားရှာကြရအောင်"

ချူကျင်းဇီက ကျား၏နောက်ကျောပေါ်တွင် ခွထိုင်လိုက်ပြီး တောနက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ကျားကြီးက သားရဲတွေ၏ဘုရင်ဖြစ်သည်။ ထို့ကြောင့် အခြားသားရဲတွေကသူတို့ကိုတွေ့တာနဲ့ ရှောင်ပုန်းသွားခဲ့ကြသည်။

မျောက်နှစ်ကောင်နဲ့ ဝက်ဝံနှစ်ကောင်ကလည်း သစ်သီးတွေရှာဖို့ ကူညီပေးခဲ့ကြသည်။

ခဏလောက်ရှာပြီးနောက် ချူကျင်းဇီက လိမ္မော်ပင်အနည်းငယ်ကိုတွေ့ရှိခဲ့သည်။ လိမ္မော်သီးနီနီတွေက လမ်းပေါ်မှာချိတ်ဆွဲထားတဲ့ မီးအိမ်လေးတွေနှင့် တူပြီး ပြင်းထန်တဲ့ ရနံ့တွေကို ထုတ်လွှတ်နေခဲ့သည်။ သူတို့က အရမ်းဆွဲဆောင်မှုရှိကာ သူမကိုဖိတ်ခေါ်နေသည့်အတိုင်းပင်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now