Chapter - 18 [ တုန်လှုပ်သွားခြင်း]

808 97 0
                                    

Chapter - 18 [ တုန်လှုပ်သွားခြင်း]

#unicode

"မြင်လိုက်ကြလား" ချူကျင်းဇီက ကျောက်တုံးကိုပုတ်လိုက်သည် "သည်အရာက ရေခဲကျောက်တုံးပဲ.....သမီးတောထဲမှာတွေ့ခဲ့တာ...အဲတာနဲ့ တစ်မီတာအကွာမှာရှိနေသ၍ အေးခဲသွားလိမ့်မယ်"

ချူယိဟာ တံတွေးမြိုချလိုက်မိပြီး ကျောက်တုံးအား စိတ်အားထက်သန်စွာကြည့်နေသည်။ "ပဥ္စမညီမလေး ဒါကို မနေ့ကလိမ္မော်သီးသွားခူးရင်းတွေ့ခဲ့တာလား"

"ဟုတ်တယ် အဲ့တာကို ကျွန်မကျော်သွားမိလုနီးပါပဲ"

"အားလုံးပဲ စိတ်မပူကြပါနဲ့၊ မြန်မြန်လိမ္မော်သီးအရည်တွေကို ညှစ်ထုတ်ကြရအောင်၊ ဒါမှနောက်တစ်ဆင့်ကိုဆက်လုပ်နိုင်မှာ"

သူမကပြောလိုက်ပြီး ကျောက်ကြိတ်စက်ဆီကိုသွားလိုက်သည်။

သူမက လိမ္မော်သီးတစ်လုံးယူကာ အခွံနွာလိုက်ပြီးကျောက်ကြိတ်စက်ထဲထည့်လိုက်သည်။ ထို့နောက်ကျောက်ကြိတ်စက်အား လည်ပတ်စေရန်လက်ကိုင်မှ လှည့်လိုက်သည်။

ကျောက်ကြိတ်စက်က လိမ္မော်သီးအားချေဖျက်သွားခဲ့ပြီး အရည်များထွက်လာခဲ့သည်။ ဖျော်ရည်သည် အစွန်းရှိ တွင်းထဲသို့ စီးဆင်းဝင်ရောက်သွားကာ သစ်သားပုံးထဲသို့ကျလာခဲ့သည်။

လိမ္မော်ရည်ကထွက်လာတဲ့ မွှေးရနံ့ကြောင့် လူတိုင်းက တိတ်တိတ်လေးတံတွေးမြိုချလိုက်ရသည်။

ချူရုံက ရှေ့တိုးလာပြီး "အဖေ ကျောက်ကြိတ်စက်ကိုတွန်းပေးမယ်"

ချူကျင်းဇီက ဖယ်ပေးလိုက်ကာ "ပထမအစ်ကို၊ ဒုတိယအစ်မ၊ တတိယအစ်ကိုနဲ့ စတုတ္ထအစ်မတို့က လိမ္မော်သီးတွေကို အခွံခွါပေးပါဦး"

"အဋ္ဌမညီမလေးနဲ့ နဝမမောင်လေးက သစ်သားပုံရကိုကြည့်ထားကြ...ပြည့်သွားရင်နောက်တစ်ပုံးပြောင်းလဲပြီးခံပေးရမယ်"

"ဆဋ္ဌမညီမလေးနဲ့ သတ္တမမောင်လေးက အစ်မနဲ့ပြီးရင် လိမ္မော်ရည်တွေကိုစစ်ထုတ်ပေးရမယ်"

"အမေနဲ့ အဘွားက စစ်ထားတဲ့လိမ္မော်ရည်တွေကို မိုလ်ထဲကိုပြောင်းထည့်ပေးပါ၊ အဘိုးက မိုလ်ပေါ်မှာ တုတ်တစ်ချောင်းထိုးပေးပြီး ရေခဲကျောက်တုံးဘေးမှာ အခဲခံဖို့ ထားပေးရမယ်"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now