Chapter - 19 [ လျှို့ဝှက်ချက်ပေါ်ပေါက်ခြင်း]
#unicode
ချူကျီက အလွန်မနာလိုဖြစ်သွားသည်။
သူက ထိုအကြောင်းကိုပြန်စဉ်းစားလိုက်သည်။ ချူကျင်းဇီလို မိန်းမငယ်လေးက ရေခဲဘယ်လိုလုပ်ရလဲဆိုတာ သိတယ်လား....သူမကကောင်တီကသူမရဲ့မွေးစားမိဘတွေဆီက ရေခဲလုပ်နည်းကိုခိုးလာခဲ့တာလား..
ဒီလိုပဲဖြစ်ရမယ်!
ချူကျီက ချူထိုင်အားကွဲပြားစွာကြည့်လိုက်သည်။ သူ့ရဲ့နှလုံးသားထဲမှာတော့ သူတို့မိသားစုလည်းရေခဲလုပ်နည်းကို သိရင်ကောင်းမယ်လို့မျှော်လင့်နေခဲ့သည်။ "အစ်ကိုကြီး..မင်းမှာစည်းကမ်းလေးဘာလေးရှိသင့်တယ်....ချူကျင်းဇီက မကောင်းတာတွေလုပ်နေတာကိုဘာလို့ ဒီတိုင်းလွှတ်ထားရတာလဲ"
ချူထိုင်က ထိုသည်ကိုကြားသောအခါ တစ်ခုခုမှားနေပြီလို့ခံစားလိုက်ရသည်။
"ချူကျင်းဇီလို ကလေးမလေးကရေခဲဘယ်လိုလုပ်နိုင်မှာလဲ...သူမရဲ့မွေးစားမိဘတွေဆီကခိုးယူလာခဲ့တာပဲဖြစ်မယ် ဟုတ်တယ်မလား.."
ထိုအချိန်မှ ချူထိုင်က ချူကျီတစ်ယောက်ကျင်းဇီကို ရေခဲချောင်းလုပ်နည်းခိုးလာတယ်လို့ ထင်နေတယ်ဆိုတာ သတိထားမိသွားသည်။ သူကဒေါသထွက်သွားပြီး "ချူကျီ! ကျင်းဇီကသူမရဲ့မွေးစားမိဘတွေဆီကပြန်လာတုန်းက အဝတ်အနည်းငယ်ကလွဲလို့ဘာမှတောင်မပါလာခဲ့ဘူး....အဓိပ္ပာယ်မရှိတာတွေလျှောက်ပြောပြီး ကျင်းဇီရဲ့ဂုဏ်သိက္ခာကို မဖျက်စီးနဲ့"
"အစ်ကိုကြီး ရေခဲချောင်းကိုနွေရာသီမှာ စျေးမြင့်မြင့်နဲ့ရောင်းနိုင်တယ်နော်...နောက်တစ်ခါကျရင် ကျွန်တော့်ကို ဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးလိုက်လေ...ဘယ်လိုလဲ"
ချူထိုင်ကာ ချူကျီအားဒေါသတကြီးစိုက်ကြည့်လိုက်သည်။သူက ချူကျီကိုယုံကြည်မိပြီး ရိုးရိုးသားသားပြောခဲ့မိသည်ကိုနောင်တရနေခဲ့သည်။ အခုတော့ သူကချူကျီအနှောင့်အယှက်ပေးလာမှာကို ကြောက်ရွံ့နေခဲ့သည်။ "ဒါကငါဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး မင်းပြန်လိုက်တော့"
ချူကျီက မပျော်မရွှင်ဖြစ်သွားခဲ့သည်။ "အစ်ကိုကြီး မင်းကမိသားစုခေါင်းဆောင်တစ်ယောက်ပဲ၊ မင်းကိုဘယ်သူက ငြင်းဆန်ရဲမှာလဲ...မင်သာသဘောတူလိုက်ရင် ဘယ်သူကဘာပြောရဲတော့မှာလဲ"
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance