Chapter - 21 [နာမည်ကြီးရေခဲချောင်း]

743 84 0
                                    

Chapter - 21 [နာမည်ကြီးရေခဲချောင်း]

#unicode

"သခင်လေး ကိုယ်တိုင်သွားကြည့်သင့်ပါတယ်...အရမ်းအံ့ဩဖို့ကောင်းတယ်....မယုံကြည်နိုင်စရာပဲ" အစေခံက ရုန်ယူပန်းဆီကိုအမြန်ပြေးသွားကာ သူမြင်ခဲ့တာကို တိုးတိုးလေးပြောပြခဲ့သည်။

ရုန်ယူပန်းက ကြက်သေသေသွားသည်။ သူအသိဝင်လာတဲ့အခါမှာတော့ သူက မြည်းလှည်းဆီကိုအမြန်ပြေးသွားလိုက်သည်။ ကိုယ်တိုင်သွားကြည့်ကာ အတည်ပြုပြီးနောက် ထိုဟာက တစ်ကယ့်ကို အစေခံကပြောပြသလိုပါပဲ...သူကမတတ်နိုင်ပဲ သူ့ရှေ့ကလူတွေကို အရူးလိုကြည့်လိုက်သည်။ သူတို့က ရွှေလောက်တန်ဖိုးကြီးတဲ့ရေခဲကို စျေးပေါပေါနဲ့ရောင်းနေတယ်ပေါ့လေ။

အစေခံက လျှာကိုသပ်လိုက်ကာ "သခင်လေး ကျွန်တော်တို့တစ်ခုလောက်ဝယ်ပြီး မြည်းကြည့်ကြမလား" သူကတစ်ကယ်ကိုစားချင်နေခဲ့ပါသည်။

"ဝယ်လိုက်" ရုန်ယူပန်းက ဂရုမစိုက်သလိုကြည့်ကာ ဘေးဘက်သို့သခင်လေးတစ်ယောက်လိုထွက်လာခဲ့သည်။

အစေခံကရှေ့ကိုတိုးသွားလိုက်ပြီး ရေခဲချောင်းနှစ်ခုဝယ်လိုက်သည်။ သူကကြေးပြားနှစ်ဆယ်ပေးချေလိုက်ပြီး သူ့အတွက်သူဆုချတာလို့ မှတ်ယူလိုက်သည်။

သူက ရုန်ယူပန်းဆီကိုပြန်လာခဲ့ပြီး "သခင်လေး စားကြည့်ပါဦး..... လိမ္မော်သီးရဲ့ မွှေးရနံ့ပြင်းပြင်းလေးကိုရတယ်"

ရုန်ယူပန်းက တံတွေးမြိုချလိုက်သည်။ ရေခဲချောင်းကို ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

ထိုအရာက အရမ်းအေးမြပြီး သင်းပျံ့နေသည်။

ဒီလောက်အရသာရှိတဲ့ ရေခဲချောင်းကို ကြေးပြားဆယ်ပြားနဲ့ရောင်းတာပဲ။ ဒါကို အနည်းဆုံးကြေးပြားတစ်ရာတန်တယ်လို့ပြောရင်တောင် ချဲ့ကားပြောတာမဟုတ်ဘူး။ ဘယ်လိုအရူးတစ်သိုက်လဲ!

ရုတ်တရက် ချူကျင်းဇီရဲ့အသံကိုကြားလိုက်ရသည် "အကုန်ရောင်းကုန်သွားပါပြီ! အကုန်ရောင်းကုန်သွားပါပြီ! မနက်ဖြန်မှစောစောပြန်လာခဲ့ကြပါ! ဒီနေ့အတွက်ရောင်းကုန်သွားပါပြီ!"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now