Chapter - 22 [ ဂြိုဟ်ဆိုး]

733 81 0
                                    

Chapter - 22 [ ဂြိုဟ်ဆိုး]

#unicode

ချူကျင်းဇီက ခေါင်းညိမ့်ကာပြောလိုက်သည် "ကျွန်မတို့ အခုငါးရာကတ်တီယူသွားလိုက်မယ်.....ကျွန်မတို့ကို ကူညီဖို့ လူနည်းနည်းတော့လိုမယ်။ အိုး ပြီးတော့ ရှင်ကျွန်မတို့အတွက် ဒီဟာတွေကိုပို့ဖို့လည်း တစ်ယောက်ယောက်ရှာပေးရမယ်နော်"

ကျန်းလင်က သဘောတူလိုက်သည် "ကောင်းပါပြီ"

ကျန်းလင်က လူတွေအများကြီးခေါ်လာပြီး လိမ္မော်သီးငါးရာကတ်တီကို အမြန်ပဲခူးပေးလိုက်သည်။

ချူကျင်းဇီက ငွေပေးချေရန်လုပ်လိုက်သော်လည်း ကြေးပြားတွေအများကြီးနဲ့ပေးဖို့မသင့်တော်ချေ။ "ရှင်လိမ္မော်သီးတွေကို အိမ်ပို့ပေးလို့ရမလား.... ပြီးတာနဲ့ ကျသင့်တဲ့ငွေတေးလ်ကို ကျွန်မရှင်းပေးလိုက်မယ်"

သူပိုက်ဆံရနေသရွေ့ အရာအားလုံးကအဆင်ပြေပါသည်။ ကျန်းလင်က လိုလိုလားလားပြောလိုက်သည် "အဆင်ပြေပါတယ်...အဆင်ပြေပါတယ်...ချူရွာကနီးနီးလေးပဲကို..."

*****

ချူရွာတွင်....

ယခုအချိန်၌ ရွာသားတွေက လယ်ကွင်းတွေထဲမှာ အလုပ်ရှုပ်နေကြသည်။ ချူကျင်းဇီနှင့် အခြားသူများပြန်လာသောအခါ သူတို့က လူတိုင်းရဲ့အာရုံကို ဆွဲဆောင်မိသွားကြသည်။

"သေတ္တာကြီးတွေကို အထဲကို သယ်သွားကြတယ်....ချူမိသားစုက ဘာတွေလုပ်နေကြတာလဲ"

"ဘုရားရေ....သူတို့က တစ်ကယ်ပဲ တရားမဝင်တာတွေလုပ်နေကြတယ်လို့ မပြောနဲ့နော်"

"သူတို့ကြည့်ရတာ လိမ္မော်သီးတွေသယ်လာတာထင်တယ်"

"သူတို့က ဘာလို့ ဒီလောက်လိမ္မော်သီးတွေ အများကြီးပြန်ယူလာကြတာလဲ"

ရွားသားတွေဆွေးနွေးနေတုန်းမှာပဲ ချူကျင်းဇီနဲ့ အခြားသူတွေက အိမ်ထဲသို့ လိမ္မော်သီးခြင်းများသယ်ကာဝင်လာကြသည်။

အမျိုးသမီးလီက ချူကျင်းဇီတို့ လိမ္မော်သီးတွေနဲ့ ပြန်လာတာကို မြင်သောအခါ အိမ်သို့အမြန်ပြန်လာလိုက်ပြီး "ကျင်းဇီ!"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now