Chapter - 23 [လျှို့ဝှက်ချက် ထုတ်ဖော်ခံရခြင်း]

828 82 0
                                    

Chapter - 23 [လျှို့ဝှက်ချက် ထုတ်ဖော်ခံရခြင်း]

#unicode

ချူပင်းဆိုတဲ့ ရွာသားက ခဏတာစဉ်းစားပြီးပြောခဲ့သည် "ချူကျင်းဇီပြန်ရောက်လာပြီးကတည်းက ရွာရဲ့အခြေအနေကတစ်ကယ်ပဲ ပိုဆိုးလာပုံရတယ်"

ချူရုံက ဒေါသတကြီးနှင့် "ချူပင်း အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ မိုးခေါင်မှုအတွက် လူတစ်ယောက်ကို ဘာလို့အပြစ်တင်နေကြတာလဲ....ပြီးတော့ ကျင်းဇီပြန်မလာခင်ထဲက မိုးမရွာတာ ကြာခဲ့ပြီပဲဘာလို့သူမအပြစ်ဖြစ်ရမှာလဲ"

ချူပင်းက ချူရုံကိုမကြောက်ဘဲ ကျိုးကြောင်းမသင့်စွာပြောလိုက်သည်။ "ဖြစ်နိုင်တာက ကျုပ်တို့ရွာကို ဂြိုဟ်ဆိုးဝင်လာပြီဆိုတဲ့ နိမိတ်တွေများလား"

"အဓိပ္ပာယ်မရှိတာ!!"

ကျောင်းရှုဟွာက သူတို့ချူကျင်းဇီအပေါ်ဝိုင်းအပြစ်တင်ကြဖို့ပဲ ဆုတောင်းနေမိသည် "ချူကျင်းဇီက လူတိုင်းကိုထိခိုက်စေခဲ့တာပဲ....သူမပြန်လာကတည်းက ရွာမှာ ဝရုန်းသုန်းကားတွေဖြစ်ကုန်တာ သူမကြောင့်ပဲ! သူမက ရွာကိုပြန်မလာသင့်ဘူး.....သူ့ကိုစွန့်ပစ်လိုက်ကြတာပဲမလား....ဘာလို့ပြန်ခေါ်လာကြသေးတာလဲ"

ထန်ကျင်းဟုန်က ကျောင်းရှုဟွာအား ထက်ရှစွာကြည့်လိုက်ပြီး ချူကျင်းဇီဘက်မှပြောပေးလိုက်သည်။ "ခင်ဗျားပြောတာလွန်လွန်းတယ်လို့မထင်ဘူးလား....ကျုပ်ကတော့ ခုတလော ရွာထဲမှာမကောင်းတာလုပ်ခဲ့တဲ့သူကမှ မိုးခေါင်မှုကိုဖြစ်စေတာလို့ယုံတယ်"

ကျောင်းရှုဟွာက အပြစ်ရှိသလိုခံစားလိုက်ရသော်လည်း ချက်ချင်းပင် ကြမ်းကြုတ်စွာပြောခဲ့သည် "ထန်ကျင်းဟုန် ပါးစပ်ပိတ်ထား!နင်က မိထွေးအပေါ်မလေးစားတဲ့ အပျင်းထူတဲ့ကောင်....နင့်မှာငါ့ကိုပြောပိုင်ခွင့်ရှိလို့လား"

ထန်ကျင်းဟုန်ရဲ့ မျက်နှာက မည်းမှောင်သွားကာ "ကျုပ်ကဘယ်တုန်းက မိထွေးအပေါ်မှာမလေးစားလို့လဲ....ဘယ်တုန်းကကောအပျင်းထူဖူးတာလဲ"

ရွာသားတွေက ကျောင်းရှုဟွာကို သဘောမတူစွာကြည့်လိုက်ကြသည်။ သူတို့က အမြဲတမ်းထန်ကျင်းဟုန်တစ်ယောက်ထဲ နေပူထဲမှာအလုပ်လုပ်နေရတာကို တွေ့နေကြတာ...သူကဘယ်လိုလုပ်ပျင်းရမှာလဲ...

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now