Chapter - 25 [ မြေလွှာထဲသို့ ဖောက်ထွင်းမြင်ရခြင်း]

727 91 0
                                    

Chapter - 25 [ မြေလွှာထဲသို့ ဖောက်ထွင်းမြင်ရခြင်း]

#unicode

ကျောင်းရှုဟွာရဲ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူမသာနှင်ထုတ်ခံလိုက်ရရင် အဆုံးသတ်ကောင်းမှာမဟုတ်တော့ဘူး။

ကျောင်းချင်ကျုံးက ကျောင်းရှုဟွာရှေ့မှရပ်ကာ "ကျုပ်ကတော့ နှင်ထုတ်သင့်တာမင်းကိုလို့ထင်တယ်...ချူကျင်းဇီ မင်းသာရေအရင်းမြစ်တစ်ခုရှာနိုင်ခဲ့ရင် ငါ့ကိုယ်ငါ မင်းရဲ့မျိုးရိုးနာမည်ပြောင်းပေးလိုက်မယ်"

"ရှင်က ကျွန်မရဲ့မျိုးရိုးနာမည်ကို ဘယ်လိုပေါင်းရမလဲတောင်သိလို့လား"

ကျောင်းချင်ကျုံးရဲ့မျက်နှာက နီရဲသွားခဲ့သည်။ သူကကျောင်းတစ်ခါမှမသွားဘူးတာ ဘယ်လိုလုပ်စာရေးတတ်မှာလဲ!

ရွာသူကြီးက "ချူကျင်းဇီ မင်းသာတစ်ကယ်ရေအရင်းအမြစ်တစ်ခုကိုရှာနိုင်ရင် ငါမင်းကို ကတိပေးနိုင်တယ်"

ရွာတစ်ရွာလုံးနဲ့ ယှဉ်လိုက်ရင် ကျောင်းရှုဟွာက ဘာမှမဟုတ်တော့ပါချေ။

ကျောင်းရှုဟွာက အကြောက်တရားများဖြင့် ဖုံးလွှမ်းသွားပြီး "မဟုတ်ဘူး ရွာသူကြီး ရှင်သူမကိုကတိမပေးရဘူး..."

ချူကျင်းဇီက ကျောင်းရှုဟွာအားကြည့်ကာ သူမကိုအခုအဖြစ်အပျက်အားသင်ခန်းစာယူပြီး နောက်ပိုင်းမှာ ပိုမိုကြင်နာလာဖို့ မျှော်လင့်နေခဲ့သည်။ "ကျွန်မနောက်ကလိုက်ခဲ့"ထိုသို့ပြောလိုက်ပြီးနောက် လှည့်ကာ တန်းတန်းမတ်မတ်ထွက်သွားခဲ့သည်။

ထန်ကျင်းဟုန်ကလည်း သူမဘေးကလျှောက်လာကာ "ကလေးမလေး မင်းတစ်ကယ် ရေအရင်းအမြစ်ကိုရှာနိုင်တာလား"

ချူကျင်းဇီက ထန်ကျင်းဟုန်အပေါ်အမြင်ကောင်းရှိတာကြောင့် "လူတစ်ချို့ကို ရှင်နဲ့အတူခေါ်သွားပြီး ရေအရင်းအမြစ်တူးဖို့ပစ္စည်းတွေသွားယူလိုက်ပါ"

ထန်ကျင်းဟုန်က တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည် "ကိုယ်မင်းကိုယုံတယ်" ထို့နောက် သူကလူတချို့နဲ့အတူပစ္စည်းတွေယူဖို့ထွက်သွားခဲ့သည်။

ချူယိက ချူကျင်းဇီနောက်မှ စိုးရိမ်စွာလိုက်သွားပြီး "ပဥ္စမညီမလေး..."

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now