Chapter - 30 [ ကြီးမားသောရိုက်ခတ်မှု ]
#unicode
ထန်ကျင်းဟုန်က သူ့မျက်ခုံးကိုပင့်လိုက်ကာ "မင်းကဘာလို့ အဲဒီလိုပြောနိုင်ရတာလဲ"
ဖန်းကျီရုန်က လေးစားမှုအပြည့်ဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "သူ့ရဲ့ရိုက်ချက်က မပျော့သလို ပြင်းလည်းမပြင်းလောက်ဘူး... အဲ့တာက ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတယ့် သွေးတွေကိုဖိထုတ်လိုက်စေတာပဲ...ဒီနည်းနဲ့ဆိုရင် ဆေးနည်းနည်းလောက်သောက်ပြီးတာနဲ့ စစ်သူကြီးရဲ့အတွင်းဒဏ်ရာတွေပျောက်ကင်းသွားလိမ့်မယ်"
"သူမက နတ်ဆေးသမားတော်တစ်ယောက်ကိုး"ထန်ကျင်းဟုန် သူ့ဘာသာတွေးလိုက်သည်။
"စစ်သူကြီး ကျွန်တော် ဒီနတ်ဆေးသမားတော်ကိုတွေ့ချင်တယ်...သူ့ကိုတွေ့ဖို့ ခေါ်သွားပေးလို့ရမလား"
"တွေ့ရမှာပါ......"
****
ချူကျင်းဇီက အခန်းထဲမှထွက်လာကာ အပျင်းကြောဆန့်လိုက်သည်။ "ဒုတိယအစ်မ၊ စတုတ္ထအစ်မ ဘာလို့မနက်အစောကြီး အိမ်ကိုသန့်ရှင်းရေးလုပ်နေကြတာလဲ"
ချူကျင်းယွဲ့က ပျော်ရွှင်စွာပြန်ဖြေလိုက်သည် "ဒီနေ့ အစ်မတို့ရဲ့ အနာဂတ်ယောင်းမလောင်းလေးက အောင်သွယ်တော်နဲ့ သူမရဲ့အမေနဲ့အတူလာပြီး မင်္ဂလာကိစ္စဆွေးနွေးကြမှာလေ"
ချူကျင်းဇီကပြုံးလိုက်သည်။ သူမမျက်လုံးလေးတွေက လှပစွာကွေးညွတ်သွားပြီး အလွန်တောက်ပနေခဲ့သည် "ဒါက သတင်းကောင်းပဲ...အဖေနဲ့အမေကို ဒီလို အခါသမယကောင်းအတွက် အစားအစာတွေနဲ့ ဝိုင်တွေများများပြင်ဆင်ဖို့ပြောရမယ်"
ချူကျင်းနင်းကလည်း သန့်ရှင်းရေးလုပ်ရင်း ပြန်ပြောလိုက်သည် "အဖေနဲ့အမေက ကောင်တီမှာ အသားနဲ့ဝိုင်တွေတောင်ဝယ်ဖို့သွားနှင့်နေပြီ"
ချူကျင်းဇီက သူမရဲ့စေတနာကိုပြသသင့်တယ်လို့ ခံစားလိုက်ရပြီး "ကျွန်မလည်း အနာဂတ်ယောင်းမအတွက် အဝတ်အစားအသစ်တစ်စုံချုပ်ပေးရမယ်"
ချူကျင်းနင်းသည် ညီအမသုံးယောက်ကိုကြည့်ကာ ချူကျင်းယွဲ့အားညွှန်ပြလိုက်ပြီးပြောလိုက်သည်။
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance