Chapter - 31 [ ကျေးဇူးတင်လက်ဆောင် ]

705 85 0
                                    

Chapter - 31 [ ကျေးဇူးတင်လက်ဆောင် ]

#unicode

သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းခါလိုက်ကာ "ချင်းယူ အိမ်ဆောက်ဖို့က ငွေတေးလ်နှစ်ဆယ် သုံးဆယ်လောက်ကုန်ကျတယ်၊ ရှင်တစ်ကယ်အိမ်တစ်လုံးဆောက်ပေးနိုင်တယ်ဆိုရင်  ဒီလောက်ပျက်စီးယိုယွင်းနေတဲ့အိမ်မှာနေနေပါ့မလား ငါ့သမီးကို ဒီလိုဘဝမှာမခံစားစေချင်ဘူး လက်ထပ်ပွဲကိုမေ့လိုက်ရအောင်"

မိန်းကလေးဟာ နှုတ်ခမ်းကိုကိုက်ပြီး သူမရဲ့စိတ်မရှည်မှုကို ပြသနေခဲ့သည်။ သူမက လူတွေအများကြီးရှိတဲ့အိမ်ကို လက်ထပ်မဝင်ချင်ခဲ့ပေ။ သူမကဆင်းရဲနေမှာတင်မဟုတ်ဘူး...လူတွေအများကြီးကိုပါပြုစုနေရဦးမည်။ ထို့ကြောင့် သူမလက်ထပ်ပွဲအကြောင်းအား မြန်မြန်ဖျက်ပစ်ချင်နေသည်။

ချူယိက သူ့သတ္တိတွေကိုစုပြီး မိန်းကလေးအားကြည့်ကာမေးလိုက်သည် "မင်းငါ့ကို လက်မထပ်ချင်ဘူးလား"

ကောင်မလေးက သူ့မျက်လုံးတွေကို ပြန်မကြည့်ရဲပဲပြန်ဖြေလိုက်သည် "ကျွန်မရှင့်မိသားစုကို လက်ထပ်မဝင်ချင်ဘူး"

ချူယိက သွေးကြောတွေထလာတဲ့အထိသူ့လက်သီးအား ဆုပ်ထားခဲ့ပြီး သူ့မျက်လုံးတွေမှာလည်း နာကျင်မှုတွေအပြည့်ဖြစ်နေသည်။ သူကမျက်လုံးများကိုမှိတ်ကာ "အဖေ...အမေ...လက်ခံပေးလိုက်ပါ"ထိုသို့ပြောပြီးနောက် သူဟာတည်ငြိမ်ယောင်ဆောင်ကာ အခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။

"ကျွန်မတို့ဘက်က ရှင်းရှင်းလင်းလင်းလုပ်ပြီးပြီဆိုတော့ စေ့စပ်ပွဲကပျက်သွားပါပြီ...နှစ်ဖက်မိသားစုက ဘာမှမဆိုင်ကြတော့ပါဘူး"အောင်သွယ်တော်က ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ်"ချူရုံရဲ့ အမူအရာကတောင့်တင်းနေကာ ခက်ခက်ခဲခဲပြောလိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးက သူမသမီးအားဆွဲကာ အမြန်ပြန်ထွက်သွားခဲ့သည်။ အောင်သွယ်တော်ကလည်း သူမရဲ့လက်နှစ်ဖက်ကိုယှက်ကာ တောင်းပန်တဲ့အမူအရာလုပ်လိုက်ပြီး နောက်ကလိုက်သွားခဲ့သည်။

ချူမိသားစုတစ်ခုလုံးက စိတ်ဓာတ်ကျသွားခဲ့ကြသည်။

ချူကျင်းဇီက သူတို့ထွက်သွားတာကိုကြည့်ပြီး သူမဘာသာတွေးခဲ့သည်။ ဒီမိသားစုက ကြာကြာဆင်းရဲနေတော့မှာမဟုတ်ဘူး...မဟုတ်သေးဘူး ဒီမိသားစုက ဆင်းရဲမနေတော့ပါဘူး။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now