Chapter - 33 [ နတ်ဆေးသမားတော်]
#unicode
"ကျင်းဇီ နင်ရေခဲကိုဘယ်ကရတာလဲ"ရှုဝမ်ရုန်က မဝံ့မရဲမေးလိုက်သည်။
"ငါတောထဲမှာ လျှောက်သွားနေတုန်း မှော်ကျောက်တုံးတစ်ခုကို ခလုတ်တိုက်မိသွားခဲ့တယ် အဲဒီကျောက်တုံးက တစ်မီတာအတွင်းမှာရှိတဲ့ရေကိုခဲသွားအောင်လုပ်ပေးနိုင်တယ်လေ ဒါကြောင့်ငါ ရေခဲချောင်းလုပ်ဖို့အကြံရခဲ့တာ"ချူကျင်းဇီက မျက်တောင်မခတ် လိမ်ပြောလိုက်သည်။
မှော်ကျောက်တုံးလား???
ရှုဝမ်ရုန်နဲ့ စန်းဝမ်လုတို့ဟာ ထိတ်လန့်သွားခဲ့သည်။
"ဒါရတနာတစ်ခုဆိုမှတော့ အခြားသူတွေကိုမသိစေနဲ့နော်...အခိုးမခံရအောင် ဂရုစိုက်ဦး"ရှုဝမ်ရုန်က သတိပေးလိုက်သည်။
"ငါသိပါတယ်"ချူကျင်းဇီက ပြုံးကာခေါင်းညိမ့်လိုက်သည်။
"ငါကိုယ်တိုင်ကြည့်ချင်တယ်လို့ရမလား"
"နင်စိတ်ဝင်စားရင် ခနနေရင်ကြည့်ဖို့ခေါ်သွားပေးမယ်...လာရင်းကိစ္စကိုအရင်ပြောရအောင်" ချူကျင်းဇီက ရက်ရက်ရောရောသဘောတူလိုက်သည်။
ရှုဝမ်ရုန်က အံ့ဩသွားပြီး "ငါတို့နင့်ကို အကူအညီတောင်းဖို့လာတာကို သိတာလား"
ချူကျင်းဇီက သူမဘာသာတွေးလိုက်သည် အရမ်းသိသာလွန်းလို့ လူတိုင်းကတောင်ပြောနိုင်ပါတယ်နော်။ "နင့်ရဲ့ဝမ်းကွဲကိုခေါ်လာတယ်ဆိုမှတော့ အကူအညီလိုနေလို့ပေါ့"
စန်းဝမ်လုက ဝမ်းနည်းစွာ ခေါင်းညိမ့်ပြလိုက်သည် "ကျင်းဇီ ဝမ်းကွဲပြောတာက နင်ကနတ်ဆေးသမားတော်တစ်ယောက်ဖြစ်ပြိး သူမရဲ့မျက်နှာကိုကုသပေးခဲ့တယ်တဲ့၊ ငါလည်း စမ်းကြည့်ချင်တာကြောင့်ရောက်လာခဲ့တာပါ...ငါနင့်ကို ငါ့ရဲ့ဝမ်းဗိုက်ကိုစစ်ကြည့်ပေးဖို့ အကူအညီတောင်းချင်တယ်" နောက်ဆုံးချိန်မှာတော့ သူမဟာ ရှက်ရွံ့လာခဲ့ပါသည်။
ချူကျင်းဇီက စန်းဝမ်လုရဲ့ဝမ်းဗိုက်အားကြည့်လိုက်ကာ "နင့်ရဲ့ဝမ်းဗိုက်လား"
စန်းဝမ်လုကတိုးတိုးလေးပြောသည် "ငါလက်ထပ်ခဲ့တာ နှစ်တစ်ဝက်ရှိသွားပြီ ငါ့ရဲ့ဗိုက်မှာ ဘာလက္ခဏာမှမပြသေးဘူး ဒီတိုင်းသာဆက်သွားမယ်ဆိုရင် ငါ......."
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance