Chapter - 35 [ မြင်းတစ်ကောင် အလကားရခြင်း]
#unicode
"ကျေးဇူးတင်စရာမလိုပါဘူးရှင်" ချူကျင်းဇီက မြင်းကို ညွှန်ပြကာ "မြင်းကို မြန်မြန်ဆေးကုသဖို့ခေါ်သွားလိုက်ပါတော့ သူသေခါနီးနေပြီ"
ဆိုင်ရှင်က "ရိုးရိုးသားသားပြောရရင် ကျွန်တော်မြင်းနေမကောင်းဖြစ်နေတာကို သိပါတယ် ဒါကြောင့်မလို့ သူ့ကိုတင်းကုပ်ထဲမှာ တစ်ကောင်ထဲပိတ်ထားတာ သူခိုးခိုးခံလိုက်ရမယ်လို့မထင်ထားခဲ့ဘူးလေ ကံကောင်းထောက်မစွာနဲ့ မင်းတားခဲ့လို့ပေါ့"
"ရပါတယ်ရှင် မြင်းကိုသာပြန်ခေါ်သွားလိုက်ပါ"
ဆိုင်ရှင်က လက်ကာပြကာ နောင်တအပြည့်ဖြင့် "တစ်ကယ်တော့ မိန်းကလေး ကျွန်တော်ငယ်ငယ်လေးကတည်းက မြင်းတွေကို ပျိုးထောင်လာခဲ့တာပါ...ဒီမြင်းကအစာရေစာမစားတော့တာ လဝက်လောက်ရှိနေပြီ ကျွန်တော်သာပြန်ခေါ်သွားရင် သိပ်ခံမှာမဟုတ်တော့ဘူး ဘာလို့မင်းကိုမပေးလိုက်ရမှာလဲ မင်းရဲ့စောင့်ရှောက်မှုအောက်မှာ ပြန်ကောင်းသွားရင်တော့ အကောင်းဆုံးပေါ့ ပြန်မကောင်းလာခဲ့ရင်တော့ တွင်းလေးတစ်ခုတူးပြီး မြေလေးမြုပ်ပေးလိုက်ပါ"
သူ့အမြင်မှာတော့ ဒီမြင်းကသေဖို့ကံပါလာတာဖြစ်သည်။ သူ့ရှေ့ရှိကောင်မလေးဟာ အရမ်းကြင်နာတတ်သည်။ မြင်းလေးအတွက် အသက်ရှင်နေစဉ်အချိန်အတောအတွင်းမှာ သူမရဲ့စောင့်ရှောက်ပေးမှုကိုခံရတာကောင်းမည်ဟုတွေးလိုက်သည်။ သူသာတင်းကုပ်ကိုပြန်ခေါ်သွားခဲ့ရင် ဂရုစိုက်ဖို့အချိန်မရှိတာကြောင့် နာနာကျင်ကျင်သေသွားမှာကို စိုးရိမ်နေခဲ့ပါသည်။
"ဆိုင်ရှင်ကြီး ကျွန်မကိုလာနောက်နေတာလား ဒါမှမဟုတ် အတည်ပြောနေတာလား" ချူကျင်းဇီက အံ့ဩသွားသည်။
"အတည်ပါ ခေါ်သွားလိုက်ပါ"
"ကျေးဇူးပါ ဆိုင်ရှင်ကြီး"
တစ်ဖက်လူက စနောက်နေတာမဟုတ်တာ သေချာတော့မှ ချူကျင်းဇီဟာ ဇက်ကြိုးကိုဆွဲယူလိုက်သည်။ ဒါကအလကားရတာလေ သူမဘယ်လိုလုပ်ငြင်းနိုင်မှာလဲ။
မြင်းလေးသည် ချူကျင်းဇီနောက်ကို နာခံစွာပဲလိုက်သွားခဲ့သည်။
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance