Chapter 1 - Friday 13

12.2K 83 3
                                    

Unicode

"ကဲ...... ဒီအကြောင်းကို ဆက်ပြောရရင် ဆရာတို့ ဒဿနိကဗေဒ ကိုလေ့လာတဲ့အခါမှာ ဥရောပအတွေးအခေါ်နဲ့ အရှေ့တိုင်းအတွေးအခေါ် ဆိုပြီး နှစ်ပိုင်းခွဲပြီး လေ့လာကြတယ်......

အဲလိုလေ့လာဖို့လည်း လိုမယ်။
ဒီအတွေးအခေါ်နှစ်ခုက အခြေခံခြင်းမတူဘူး။ အနောက်တိုင်းအတွေးအခေါ်က ရုပ်ဘဝ လေ့လာမှုကို အထူးအာရုံစိုက်ပြီး သိပ္ပံပညာရပ်တွေပေါ်ပေါက်လာစေတယ်။ အရှေ့တိုင်းအတွေးအခေါ်က စိတ်ပိုင်း(ဝါ)နာမ်ပိုင်း လေ့လာမှုကို အထူးအာရုံစိုက်ပြီး ဘာသာရေးဂိုဏ်းတွေ ပေါ်ပေါက်လာစေတယ်။
တကယ်တော့ အရှေ့ပိုင်း ဒဿနိကဗေဒပေါ်ပေါက်လာတာက အနောက်တိုင်းထက် အများကြီး စောတယ်။ ခရစ်တော်မပေါ်မီ နှစ်ထောင်ချီကတည်းက ပေါ်ပေါက်နေတာ ဖြစ်တယ်။ .....
အနောက်တိုင်းဒဿနိကဗေဒမှာ အစောဆုံး တွေးခေါ်ပညာရှင် သေးလီးစ်တောင်မှ ခရစ်မပေါ်မီ ဘီစီ ၇ ရာစု မှာမှ ပေါ်ပေါက်တာဖြစ်တယ်။
ဆရာတို့ ဟိုအရင်တုန်းက ဆွေးနွေးခဲ့ဖူးတာရှိတယ်လေ။ လူသားဘယ်လို ပေါ်ပေါက်လာသလဲ။ လူ့အဖွဲ့အစည်းတွေ ဘယ်လို ပေါ်ပေါက်လာသလဲ ဆိုတာ။ မှတ်မိမယ်လို့ ထင်ပါတယ်။ မျောက်ကနေ၊ ပရိုင်းမိတ်၊ ပရိုင်းမိတ်ကနေမှ လူသားရယ်လို့ ဖြစ်ထွန်းလာပြီးတဲ့နောက်ပိုင်း လူသားဟာ ကျောက်ခတ်ကို ဖြတ်သန်းရတယ်။ ကျောက်ခတ်လို့ ဘာလို့ သတ်မှတ်သလဲဆိုတော့ ကုန်လုပ်ကိရိယာ၊ ကုန်လုပ်လက်နက်တွေကို ကျောက်နဲ့ လုပ်ထားလို့ပဲ။ ကျောက်ခတ်ကို ကျောက်ခေတ်ဦး၊ ကျောက်ခတ်လယ်၊ ကျောက်ခေတ်နှောင်း ဆိုပြီး သုံးပိုင်းခွဲလို့ရတယ်။
ဒီခေတ်မှာ လူဟာ စတင်စဉ်းစားတွေးခေါ်တတ်လာပြီ။ ဘာတွေတွေးခေါ်လာသလဲဆိုတော့ မိုကြိုးပစ်တာ၊ တောမီးလောင်တာ၊ မီးတောင် ပေါက်တာ၊ ရေကြီးတာ စတာတွေဟာ ဘာလို့ဖြစ်တာလဲ ဆိုတာကို စပြီး စဉ်းစားတွေးခေါ်လာကြပြီ။ ဒါပေမယ့် ဒဿနိကဗေဒထဲ ထည့်လေ့လာရလောက်တဲ့ တွေးခေါ်စဉ်းစားမှုမျိုးလည်း မဟုတ်သလို တွေးခေါ်စဉ်းစားသူ တဦးဦးကို ရည်ညွှန်းစရာလည်း မရှိသေးဘူး။ အဲဒီခေတ်က စတင်စဉ်းစားကြတာဟာ အကြောက်တရားအပေါ်အခြေခံ စဉ်းစားကြတယ်လို့ ပညာရှင်တွေက ယုံကြည်ကြတယ်။ ဒါကြောင့်လည်း သူတို့အကြောက်တရားကို ပြေပျောက်စေမယ့် နည်းလမ်းတွေကိုပါ တပါတည်း အဖြေရှာကြတယ်။ မိုးနတ်မင်း၊ လေနတ်မင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် စတာတွေကို မိမိတို့အကြောက်တရားပြေစေဖို့ စတင်စဉ်းစားအဖြေထုတ်ပြီး ကိုးကွယ်လာကြတော့တယ်။ ကိုးကွယ်ယုံကြည်မှုဟာ လူသားရဲ့ သဘာဝတခုလို့ ပြောလို့ရမယ်။ ဘာကြောင့်လည်းဆိုတော့ ယဉ်ကျေးမှုနောက်ကျတဲ့ လူ့အဖွဲ့အစည်းတိုင်းဟာ ကိုးကွယ် ယုံကြည်မှုတခုကိုတော့ တခြားနေရာက တင်သွင်းလာတာမဟုတ်ရင်တောင် မိမိဘာသာ ဖန်တီးကိုးကွယ်နိုင်ကြတယ်။ ဒီနေ့ခေတ်အထိ တောင်အမေရိက အမေဇုံတောထဲမှာ ကျောက်ခေတ် လူ့အဖွဲ့အစည်းတွေ ရှိနေတုန်းပဲ။ သူတို့မှာလည်း သူတို့ကိုးကွယ်ယုံကြည်မှု တခုတော့ရှိတာပဲ။ .....

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now