Chapter - 24 - အလွဲအချော်များ

989 40 16
                                    

Unicode

" အရှင်မင်းသားလေးအတွက် တည်းခိုမယ့် ဗိမ္မာန်တော်ကိုသေချာပြင်ဆင်ပေးထားရမယ်....... "

သူ(မ)ကိုယ်သူ (မ) ရေရွတ်သလိုပြောလိုက်ပြီး မျက်ရည်စများ သုတ်ကာ ထိုနေရာမှ အလျှင်အမြန်ထသွားတော့သည်။

ဘရဏီ၏ ခြေလှမ်းများသည် စိတ်လှုပ်ရှားမှု နှင့် ရွှင်လန်းတက်ကြွမှုတို့အပြည့်ဖြင့် ပေါ့ပါးလို့နေသည်။

ဝတ္တထရာ အတွက် တည်းခို ဗိမ္မာန်တော်ထဲတွင် ဘရဏီသည် အရှင့်သားကြိုက်လောက်မည်ထင်သော အမွှေးနံ့သာ တစ်မျိုးကိုပြင်ဆင်ထားလိုက်သည်။
အရှင့်သားက ​ပျိုမြစ်တဲ့အရွယ် ဆိုတော့ အကုန်လိုအပ်မှာပဲ......
ဘာအရောင်ကြိုက်ပါလိမ့်.......
အနက်ရောင်ပဲဖြစ်မယ် ထင်ပါတယ်......
အရှင်သိဒ္ဒိ လည်းအနက်ရောင် ကြိုက်တာပဲဆိုတော့ သားအဖတွေ အကြိုက်တူမှာပါ။

ဧကရာဇ် အသုံးအဆောင်များ ၊ အမျိုးသားဝတ်လဲတော်များ ၊ သားမွှေး ညဝတ်ရုံလွှာနှင့် တကွ သူယောင်သီးတို့အပါအဝင် သစ်မွှေးရည်နှင့် ရွှေနားကွတ်လေးများပါသော ခမ်းနားသည့် အနက်ရောင် ကရားနှင့် သောက်တော်ခွက်များကို အသင့် ခင်းကျင်းထားလိုက်သည်။

ထို့အပြင် လိုရ မယ်ရ ရွှေညသုခ အမြစ်မှုန့် ကိုပါ ဖျော်စပ်၍ပြင်ဆင်ပေးထားလေသည်။
သူလည်း ဖိုသတ္တဝါပဲ ပြီးတော့ မကြာခင်နန်းတက်တော့မယ့် ငယ်ရွယ်နုပျိုတဲ့ မင်းသားတစ်ပါးဆိုတော့ လိုအပ်မှာပဲ ဟု ဘရဏီကတွေးလိုက်သည်။

ဧည့်သည်တော်များအတွက် ဗိမ္မာန်တော်များပြင်ဆင်စီစဥ်မှုများတွင် ဝတ္တထရာပြည် အတွက် ဘယ်သူနဲ့မှမတူသော အထူးတလည် ပြင်ဆင်မှုများကို ဘရဏီသည် သီးသန့်ထည့်သွင်းစီစဥ်ပေးထားသည်။

ထို့အပြင် ပဏိတ္တထရာ၏ သဘာဝ ရေအေးကန်တစ်ခုကိုပါ ဖန်ဆင်း၍ ထိုဗိမ္မာန်တော်ထဲထည့်ပေးလိုက်လေသည်။ ထိုရေကန်မှ ရေအေးတို့အား ပဏိတ္တထရာ မှ နဂါးဖြူမျိုးနွယ်များသာခံနိုင်ရည်ရှိပြီး ၎င်းတို့ နှစ်သက်သော ပဏိတ္တထရာ၏ သဘာဝ မူလရေအေးတစ်မျိုးဖြစ်သည်။

အခြားသော နတ်ဘုံအသီးသီးတို့မှ နတ်များအတွက် နတ်တန်ခိုးဖြင့် အပူအအေး ချိန်ညှိနှိုင်သော ရေကန်များအား ရေချိုးသန့်စင်ရန် ဗိမ္မာန်တော်များတွင် ထည့်ပေးထားသော်လည်း နတ်ပြာရောင်သွေးရှိသော နတ်နဂါးဖြူ တို့သည် သဘာဝမူလရေအေးမျိုးကိုသာ ပိုကြိုက်နှစ်သက်သောကြောင့် ဘရဏီက အရှင့်သားအတွက် အထူးတလည် ထည့်သွင်းပေးထားခြင်းဖြစ်သည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now