Chapter - 30 - အစေခံတာဝန်များ 🚨

1.5K 61 16
                                    

Unicode

ပဏိတ္တထရာ ဘုရင့် ရေချိုးဆောင်ရှိ ရေကန်ကျယ်ကြီးရှေ့တွင် အဓိပတိသည် မလိခရှေ့တည့်တည့် လက်တစ်ကမ်းအကွာလောက်တွင် မတ်တပ်ရပ်နေသည်။

ရေချိုးဆောင်ထဲရှိ တန်ခိုးစွမ်းအားဖြင့်ပြုလုပ်ထားသော ဖြည်းညှင်းစွာ ​ရွေ့လျားနေသည် မှိန်ပြပြ အလင်းရောင်လေးများ ၊ မွှေးနံ့သာတစ်မျိုး၏ စိတ်ကိုကြည်လင်လန်းဆန်းစေသော ရနံ့သင်းသင်းများအပြင် လှပစွာ အရောင်အသွေးစုံလင်သော ပန်းပွင့်လေးများဖြင့် ရှုချင်စဖွယ် သာယာလှပနေသည်။

ထိုအလှအပတို့အား အာရုံမထားနိုင်ပဲ သောက ရောက်နေသူက မလိခပင်ဖြစ်သည်။
ကန်ရေပြင်သည် ပန်းပွင့်ဖတ်လေးများ​ဖြန့်ခင်းထားလျက် တည်ငြိမ်နေသော်လည်း မလိခ၏ စိတ်သည် ဆန့်ကျင်ဘက်အ​နေအထားဖြင့် လှုပ်ရှားရုန်းကန်နေရကာ တည်ငြိမ်အောင် မနည်းစုစည်းနေရသည်။

"တော်ဝင်သွေးသားကို အစေခံက လက်နဲ့ထိလို့မရဘူးဆိုတာတော့ သိတယ်မို့လား မဖုရား..... ထိမိရင် ဘာအပြစ်လဲဆိုတာ မဖုရားက ပိုသိမှာပါ..... "

"ဘယ်လိုပဲဖြစ်ဖြစ်..... ချွတ်ပေးလိုက်ရင် ရပြီကို......."

သူ(မ)ကိုယ်သူ(မ) အားတင်းပြီးပြောနေသည်လား အဓိပတိကိုပြောနေသည်လား မသဲကွဲသောစကားများကို မလိခက နှုတ်ခမ်းလှုပ်ရုံ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ကိုယ့်အဝတ်ပင် ကိုယ်တိုင်မလဲဖူးသော မလိခသည် သေချာပင်မမြင်ဖူးသော အမျိုးသားဝတ်များကို ဘယ်ကစ၍ ချွတ်ပေးရမှန်း သိဖို့ မလွယ်ကူပါ။

အဓိပတိအနားသို့ အနည်းငယ်ပိုတိုးကပ်လိုက်ကာ အဓိပတိ၏ လည်ပင်းနားမှ အင်္ကျီစနှစ်ဖက်အား မလိခက သူ(မ)၏ ​သေးသေးသွယ်သွယ် လက်ချောင်းလေးများဖြင့် ​ဘေးဖက်သို့ဆွဲချကာ ချွတ်ဖို့ပြင်လိုက်သည်။

သူ(မ) နှဖူးထိပ်ရှိ ဆံစလေးများသို့ အဓိပတိ၏ အသက်ရှုငွေ့နွေးနွေးက စည်းချက်မှန်မှန်ထိခတ်နေသော်လည်း သူ(မ) ၏ စည်းချက်မမှန်သော အသက်ရှုငွေ့များက အဓိပတိ၏ ရင်အုပ်နားတဝိုက် ထိခတ်ပျံ့နှံ့နေသည်ကို အဓိပတိ ခံစား​နေရသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now