Unicodeကိုယ်ရံတော် ဘရဏီ က အရှင့်ရှေ့တွင် ဒူးထောက်လျက် အရှင့်ထံမှ အမိန့်တစ်ခုခုကို စောင့်ဆိုင်းနေသည်။
အရှင်အဓိပတိက ဗလောင်ဆူနေသော သူ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ အတော်ကြိုးစားနေရသလိုမျိုး အံကြိတ်ကာ မျက်လုံးမှိတ်ထားလျက် တစ်ခုခု ကို စဥ်းစားတွေးတောနေ၏။
သူ၏ ကြီးမားတုတ်ခိုင်သောလက်များကို အကြောများထောင်ထသည် အထိ လက်သီးဆုပ်ထားပုံက သူ့တကိုယ်လုံး ဒေါသရိပ်များ ဖုံးလွှမ်းနေ သည်မှာ သိသာလွန်းသည်။
Korea Restaurant မှ စံအိမ်သို့ အမြန်ဆုံးပြန်လာခဲ့ပြီး သူ့ အလုပ်များကို အကုန်ဖျက်ကာ ကေသရီခ ၏ မိဘများပျောက်ဆုံးနေမှု အတွက် စုံစမ်းပေးရန် လူယောင်ဖန်ဆင်းထားသည့် နတ်နဂါး ဝန်ထမ်းအများစုပါဝင်သော မြန်မာပြည်နေရာအနှံ့မှ Security အဖွဲ့ ဝင်များအားတာဝန်ပေးလိုက်သည်။
၎င်းအဖွဲ့ သတင်းပို့ချက်အရ မန္တလေးမြို့ အဝင်နှင့် သိပ်မဝေးသော မိုင်တိုင် ...... နားရှိ အမြန်လမ်းမကြီးဘေး ခြုံတောထဲတွင် အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး သေဆုံးနေသော အလောင်း ၂ လောင်းအားတွေ့သည်ဟု သိရလေ သည်။
ကေသရီခပေးသော သူ့မိဘများ အချက်အလက်နှင့် အကုန်ကိုက်ညီနေသဖြင့် ကေသရီခ၏ မိဘများဖြစ်ကြောင်း အတည်ပြုလိုက်ပြီးဖြစ်သည်။
ထိုနေရာသည် မနေ့ညက Shwe Cherry Express ကားကြီး စက်ချို့ယွင်းသွားသဖြင့် အခြား တစ်စီးနှင့် ကားချင်းချိန်းခဲ့သောနေရာလည်းဖြစ်သည်။
မန္တလေး အဝင်နား အမြန်လမ်းမဘေးတွင် ကားချိန်းကြပြီးမှ ပြင်ဦးလွင်သို့ ဆက်လက်ထွက်ခွာသွားပုံရသော ထိုကားပေါ်တွင် ပါသွားသည့် ခရီးသည် အရေအတွက်က အကုန်ကိုက်ညီနေသည်။
၂ ယောက်က သေဆုံးပြီးကျန်ခဲ့တာဆိုလျှင် ကားပေါ်ပါသွားသော ၂ ယောက်က ဘယ်သူတွေလဲ ။
ညဘက် မို့ ခရီးသည်တွေလည်း ကားချိန်းရသဖြင့် အကုန် စိတ်ရှုပ်ပြီး အလုပ်များနေကြပေမည်။
တစ်ယောက်နှင့်တစ်ယောက် သတိထားမိကြမည်မဟုတ်ပေ။
ယာဥ်မောင်းနှင့် တာဝန် ရှိသူတို့ကလည်း ပါလာသမျှ လူအယောက်စေ့ပြီ ဆိုပြီး ထွက်သွားကြပေလိမ့်မည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...