Unicode
ညအချိန်သည် သတ္တဝါတို့၏ အမှောင်စိတ်ကိုပါ ပို၍ ပြင်းထန်စေသည်။
စကြာဝဠာ တစ်ခုလုံးအား သိမ်းပိုက်နိုင်သလို ကျေနပ်ဝမ်းသာမှုမျိုးဖြင့် အဓိပတိသည် ဘဝင်စိတ်တို့ တဖျပ်ဖျပ် လှုပ်ရှားနေရသည်ဖြစ်ရာ ကြံ့ခိုင်သန်မာသော သူ့ကိုယ်သည်ပင် တုန်ယင်နေလေသည်။ မလိခသည်လည်း အဓိပတိလိုပင်ခံစားနေရသည်။
မွေးကတည်းက အတူကြီးပြင်းလာကြသူ ၂ ဦးသည် တစ်ယောက်ကို တစ်ယောက် အဆုံးစွန်လည်းမုန်းတီးခဲ့ကြဖူးသည်။ အဆုံးစွန်အထိလည်း အပြန်အလှန်လက်စားချေကာ နင်းခြေနှိပ်စက်ခဲ့ကြဖူးသည်။ အခုတော့ လောက၏ စမ်းသပ်ကျီစားမှုမျအား အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြသူတွေလိုမျိုး အကြားအလပ်မရှိ နားလည်မှုတို့ဖြင့် ချစ်ခဲ့ကြလေသည်။
တစ်ယောက်ကိုတစ်ယောက် ဖက်ထားပြီး အိပ်ချင်ယောင်ဆောင်နေရသည့် အခိုက်အတန့်သည် တစ်ကမ္ဘာတိုင်အောင်ကြာသည်ဟု ထင်နေရသည်။ နောက်နေ့တွင်ဘာဖြစ်မလဲ ၊ ဘာတွေဆက်လုပ်ကြမလဲကို ၂ ဦးလုံး ဆက်မတွေးနိုင်တော့ပေ။ လက်ရှိအချိန်သည် တန်ဖိုးအရှိဆုံးသာဖြစ်ကြောင်း သူတို့သိနားလည်ကြလေသည်။
မလိခ၏ ကိုယ်လုံးလေးသည် အဓိပတိပွေ့ဖက်ထားသော်လည်း စိတ်လှုပ်ရှားမှုကြောင့် တဖြည်းဖြည်း ပို၍တုန်ယင်လာသည်။
"နေမကောင်းလို့လား မဖုရား ...."
အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်လာသော မလိအား အဓိပတိက စိတ်ပူစွာဖြင့်မေးလိုက်သည်။
"...."
ဘာအသံမှ ထွက်မလာသော မလိခသည် အဓိပတိ ရင်ခွင်ထဲသို့သာအတင်းတိုးဝှေ့လိုက်သည်။"မဖုရား ......အဲ့လိုဆက်တိုက်ပြုမူနေရင် ကျွန်တော်မျိုးက ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ဖို့ခက်......"
"နင် ဘယ်အချိန်ထိ ထိန်းချုပ်နေချင်သေးတာလဲ...."
အဓိပတိ၏ စကား မဆုံးခင် မလိခ က ဖြတ်မေးလိုက်သည်။ သူ(မ) အသံသည် နူးညံ့တိုးလျသော်လည်း စိတ်ရှည်နေသည့်အသံမဟုတ်ပါ။
"မဖုရား အမိန့်ရတဲ့အထိ...."
"နင် ..."
အဓိပတိရင်ခွင်ထဲမှ မလိခသည် မျက်နှာကိုအဓိပတိ၏ ရင်ဘတ်နှင့် ကပ်ထားသည့်တိုင် ရှက်စိတ်ကြောင့် ထူပူပြီး ရဲလာသော ပါး၂ဖက်ကို ဖုံးကွယ်ရန် ထပ်မံ ကြိုးစား သလိုမျိုး ပို၍ တိုးဝှေ့လိုက်လေသည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romantizm"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...