Chapter - 29 - ကျွန်ပြုခြင်း

859 33 4
                                    

Unicode

"ငါ့ကို ပြောစမ်းပါ.......ဘာလို့ ငါက နင့်သွေးကို လိုအပ်နေရတာလဲ......ဘာလို့ ငါ့မှာ ဒါတွေဖြစ်နေရတာလဲ.....
နင်ဘာလို့ ဒီလိုတွေလုပ်နေတာလဲ......"

ခြောက်ကပ်ကွဲအပ်သော အသံသည် မျက်ရည်စီးကြောင်းများကြားမှ ခပ်တိုးတိုး ပေါ်ထွက်လာသည်။

"မဖုရားက ဘာမှမသိသေးဘူးပဲ.......
တကယ်တော့ အခု မဖုရားမှာရှိနေတဲ့ အမြုတေက မဖုရား ခမည်းတော်ရဲ့ အမြုတေ ဖြစ်နေခဲ့တာ......
လက်ခံချင်စရာမရှိလောက်ဘူးဆိုပေမယ့် ဒါက အမှန်တရားပဲ......
အမြုတေမပါပဲ မွေးလာတာက ကျွန်တော်မျိုးမဟုတ်ပဲ မဖုရားပါ.......
မဖုရားခမည်းတော်ကတော့ ကျွန်တော်မျိုးရဲ့ အမြုတေကို လုယူခဲ့သူပေါ့......."

"ဟား...ဟားးးး.....ဟားးး.......အလိမ်အညာတွေ နင့်မှာ ဘာသက်သေရှိလဲ......."

"သက်သေလား...... ပြပါမယ်..... လိုက်ခဲ့ပါ...."

ပြောပြောဆိုဆိုဖြင့် မလိခအား အတင်းအကျပ်ဆွဲခေါ်ကာ အဓိပတိသည် ပဏိတ္တထရာ၏ အမြင့်ဆုံးနန်းဆောင်ဖြစ်သော "စည်သာ " ဆောင်ပေါ်သို့ မလိခအားလက်ဆွဲကာ ဝုန်းခနဲ ပျံတက်သွားသည်။ ထိုနန်းဆောင်တွင်  မလိခ၏ ပခုံး ၂ ဘက်အား အနောက်ဘက်မှ ချုပ်ကိုင်ကာ ပဏိတ္တထရာပြည်၏ နှင်းတောင်တန်းကြီးများအား ညွှန်ပြလိုက်သည်။ ထို့နောက် မလိခ၏ နားရွက်နားတိုးကပ်ပြီး

"မျက်လုံးတွေဖွင့်ပြီး..... သေချာကြည့်လိုက်ပါ.....
ဟိုးးးးမျက်စိတဆုံးအထိ ယူဇနာများစွာ ကျယ်ဝန်းတဲ့ ဒီနေရာက ပဏိတ္တထရာပါပဲ........
မဖုရားကြိုက်တဲ့ နှင်းပွင့်တွေရှိတဲ့ ပြည်ကို ပြန်ရောက်နေတာပါ......
ရယ်ချင်စရာကောင်းပေမယ့်
ဒီနတ်နဂါးပြည်ရဲ့ အရှင် သိဒ္ဒိကို မဖုရား မြင်မြင်ချင်း ကျွန်တော်မျိုးနဲ့ တူတယ်လို့များ နည်းနည်းခံစားမိလောက်မယ်ထင်ပါတယ်......
အမှန်ပါပဲ.......ကျွန်တော်က သူ့သွေးသားပါ......
ဒီနတ်နဂါးပြည်ရဲ့ နှင်းတစ်ပွင့်ကအစ ကျွန်တော်မျိုးပိုင်ဆိုင်တဲ့ အရာတွေပေါ့......
မွေးတုန်းက ကျွန်တော့်မှာ အမြုတေပါလားလို့ ဒီတတိုင်းပြည်လုံးက နတ်နဂါးဖြူ တွေထဲ ကြိုက်တဲ့သူကို မေးကြည့်လိုက်ပါ.....
ကျွန်တော်မျိုးရဲ့ သက်သေပြမှုက လုံလောက်တာထက်ကို ပိုပါတယ်......."

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now