Chapter - 23- မွေးရပ်မြေ

655 31 10
                                    

Unicode

"လုံးဝ ခွင့်မပြုဘူး.... သမီး.......
ပြီးတော့ ပဏိတ္တထရာဆိုတာ အမြဲအေးခဲနေတဲ့ နတ်နဂါးပြည်မို့လို့ ကိုယ့်တန်ခိုးစွမ်းအား မကောင်းရင် အချိန်ကြာကြာနေဖို့ မသင့်တော်တဲ့ နဂါးပြည်လို့ကြားဖူးတယ်.......
သူတို့မျိုးနွယ်တွေပဲအဲ့ဒီနေရာမှာကောင်းကောင်း ရှင်သန်နိုင်တာမို့ သီးခြားဘုံတစ်ခုလိုဖြစ်နေတာ...... ပွဲတက်ရောက်မယ် နတ်တွေက တန်ခိုးအစွမ်းမြင့်မားတဲ့ အထက်ဘုံက နတ်တွေများမှာမို့လို့ အဆင်ပြေပေမယ့် ငါ့သမီးလေးက အအေးနဲ့ သိပ်မတည့်တော့ စိုးရိမ်ရတယ်....."

အရှင်အဓိပတိက သူ့ အမြုတေအစားထိုးထားရသော ချူချာနုံနဲ့သည့် သမီးတော် မလိခအတွက် အစိုးရိမ်လွန်နေသလို မယ်တော် သန္တာဝတီကလည်း ထိုပန်းပွဲတော်သို့ သွားရောက်ဖို့ကို သမီးတော်လေးအား ခွင့်မပြုလိုပါ။

"ပန်းပွဲတော်ဟာ ဝတ္တထရာရဲ့ ဧကရာဇ်လောင်းလျာအတွက် အခွင့်အရေးကောင်းတစ်ခုလို့ပဲ သမီးကတော့ တွေးမြင်မိပါတယ်.....
နတ်ဘုံအသီးသီးနဲ့ သံတမန်ဆက်ဆံရေးလည်း တိုးပွားစေသလို သမီးတော်အတွက်လည်း အမြင်ကျယ်စေနိုင်တာမို့ တက်ရောက်သင့်တာပေါ့.....
ပြီးတော့ သမီးက အဆင့်နိမ့်နတ်လေးမှ မဟုတ်ပဲ မွေးကတည်းက ကြာညိုပန်းတွေ ပွင့်လန်းမှုနဲ့ မွေးဖွားလာပြီး တန်ခိုးစွမ်းအားလည်း နိမ့်ပါးနေတာမှ မဟုတ်တာ......."


သူ(မ) က အကျိုးကြောင်းခုံလုံသည့်ပုံမျိုးပြောနေသော်လည်း အရှင် အသင်္ချေ တို့ အမှန်တကယ် စိတ်ပူနေသည့်သူက မလိခ မဟုတ်။ အဓိပတိကိုသာဖြစ်သည်။

သူသည် မလိခအား သွေးဆက်ပေးထားရသည့် အစေခံဖြစ်သောကြောင့် ထိုနတ်နဂါးပြည်၏ အအေးဒဏ်ကိုခံနိုင်စွမ်းရှိပါ့မလား စိုးရိမ်နေရသည်။

အဓိပတိ နတ်သက်ကြွေလို့မဖြစ်ပေ။
သူသည် မလိခ အနီးတွင် ရှိကိုရှိနေပေးရမည့် ဖြစ်တည်မှု တစ်ခုဖြစ်နေသည်။

သူ၏ ဖြစ်တည်မှုသည် မလိခ အတွက် အလွန်တရာအရေးကြီးကြောင်းလျှို့ဝှက်ချက်ကို အရှင်အင်္ချေနှင့် မိဖုရားသန္တာဝတီ တို့သာသိထားပြီး မလိခနှင့် အဓိပတိတို့လည်း လုံးဝ မသိပါ။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now