Unicode
"မိုးခွင်း..."
မလိခ လက်ထဲသို့ မိုးခွင်း လက်နက်က ချက်ချင်းရောက်လာခဲ့သည်။ မိုးခွင်းသည် အနက်ရောင်ပိုတောက်ပနေပြီး ကြီးမားနေကာ ပို၍စွမ်းအားကြီးမားနေပုံရသည်။
အဓိပတိ၏ သွေးဆက်မှုကြောင့် မလိခ ၏ အမြုတေ တန်ခိုးစွမ်းအားသည် ကောင်းမွန်ပြီး ကျန်းမာနေသော လက္ခဏာဖြစ်သဖြင့် အဓိပတိ ကျေနပ်မိပါသည်။
"နင် ငါ့အပါ် ဘယ်လောက်ထိ သစ္စာခံမှာလဲ ပြသင့်တယ် မဟုတ်လား ........
ပဏိတ္တထရာရဲ့ ဧကရာဇ် ကို ကျွန်ပြုထားနိုင်ပါလားဆိုတဲ့ ယုံကြည်ရတဲ့ ခံစားချက်မျိုး ငါ ရလောက်တဲ့အထိပေါ့......."အဓိပတိသည် တစ်ချက်စဉ်းစားလိုက်ပြီးနောက် မလိခ ၏ဆိုလိုရင်းကို သဘောပေါက်သွားလေသည်။
ထို့နောက်တွေဝေခြင်းမရှိပဲ သူ့နဖူးကိုထိလိုက်ပြီး သူ့အသက်အမြုတေကိုဆွဲထုတ်လိုက်သည် ။
"ဒါက ကျွန်တာ်မျိုးရဲ့ အသက် အမြူတေ ပါ ...... ကျွန်တော်မျိုးရဲ့ အသက် ၊ ခန္ဓာ ၊ မာန ၊ သိက္ခာ နဲ့စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် .......
မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်...... ကျွန်တော်မျိုး ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျက်ဆီးပြီး ကျွန်တော်မျိုး ခံစားရတဲ့ နာကျင်မှုဝေဒနာတွေကို ရှုမြင်ရတိုင်း ကျေနပ်ဝမ်းမြောက်နိုင်ပါစေ မဖုရား. ...
မဖုရား ရင်ထဲကအမုန်း အာဃာတ နဲ့ ဝဋ်ကြွေးတွေ အားလုံး ဒီဘဝ ဒီမျှနဲ့တင် ကျေပျက်သွားပါစေ ..... သံသရာ အဆက်ဆက် ချစ်ခြင်းတို့ဖြင့်သာ ကျွန်တတာ်မျိုးတို့ အတူဆုံဆည်းရပါစေ...."အဓိပတိသည် နောက်ဆုံးတစ်ကြောင်းကိုစိတ်ထဲမှဆုတောင်းသလိုရေရွတ်လိုက်ပြီး မလိခ ထံ သူ့အမြုတေကို ပေးအပ်လိုက်သည်။
ထို့နောက် မလိခသည် မိုးခွင်း ကြာပွတ်ကို အရူးအမူး လွှဲလိုက်သည်။
ဘယ်နေရာကိုထိသလဲ၊ အရိုက်ခံရတဲ့အခါ သူ့ပုံစံက ဘယ်လိုရှိသလဲဆိုတာကို ဂရုမစိုက်ခဲ့ပါ။
အရင်နှစ်ပေါင်းများစွာကလည်း ယခုအတိုင်းပဲမို့ မတွေမဝေပြုမူဖို့ လွယ်ကူခဲ့သည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...