Chapter - 18 - ပေးဆပ်ခြင်း၂

833 40 14
                                    


Unicode

မဖုရား....မဖုရား.....မဖုရား....

အသက်ရှုလမ်း‌ကြောင်းနှင့် အဆုတ်ထဲမှ ရေများအားအားလုံးကို အရှင် အဓိပတိက လူသားများ၏ အရေးပေါ်ကယ်ဆယ်နည်းအတိုင်း ကေသရီခ၏ ရင်ဘတ်ကိုအချက်များစွာဖိ၍ ထုတ်ပြီးတာတောင် သူ(မ) သည် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေဆဲ။

သူ(မ) သည် သေဖို့ဆုံးဖြတ်ထားသူဖြစ်သဖြင့် သူ(မ) ဦးနှောက်က အသက်ရှင်သန်ချင်စိတ် ပြန်ရဖို့အတွက် အသည်းအသန်လှုံ့ဆော်နေရသည်။

မျက်လုံးများမဖွင့်နိုင်သေးပဲ ရေစိမ်ထားသော စက္ကူလေးလို ပျော့ဖတ်နေသည့် သူ(မ)ကိုယ် သူ(မ) တမလွန်သို့ ရောက်သွားပြီလားဟု တွေးလိုက်မိသည်။

သူ(မ) နားထဲတွင် "မဖုရား" ဟုခေါ်သံကိုသာ မပီဝိုးတဝါးကြားနေရသဖြင့် လူ့ပြည်တွင်တော့ မဖြစ်နိုင်ဟုထင်လိုက်သည်။

"တမလွန်တွင် မိန်းကလေး ဝိညဉ်တွေကို "မဖုရား" လို့ခေါ်ကြသလား" ဟု သူ(မ) တွေးနေသည်။

အဓိပတိသည် စိတ်မရှည်သည့်မျက်နှာပေးဖြင့်
"လူသားလိုလုပ်လို့မရင် ငါ့နည်းနဲ့ပဲ လုပ်ရမှာပေါ့ ..." ဟု စိတ်ထဲမှ ရေရွတ်ကာ ‌‌သူ့လက်ထိပ်အား ပါးစပ်ဖြင့် အနည်းငယ်ကိုက်ဖောက်လိုက်သည် ။
နက်ပြာရောင်သွေးများက လက်ထိပ်မှ ယိုစီးထွက်လာပြီးနောက်
ကေသရီခ၏ ပါးစပ်ပွင့်လာစေရန် ပါးနှစ်ဖက်ကို ညှစ်လိုက်ပြီး ထိုသွေးစက်အချို့ကို သူ(မ) သောက်စေရန် ပါးစပ်ထဲထည့်ပေးလိုက်သည်။

ထို့နောက် ချက်ချင်းပင် ကေသရီခ၏ ကိုယ်လေးသည် အနည်းငယ် ရုန်းသလို ဆတ်ခနဲတွန့်သွားပြီးပြန်ငြိမ်သွားသည်။

စက္ကန့် အနည်းငယ်အတွင်း သူ(မ) အသက်ရှုနှုန်းက ပုံမှန်ပြန်ဖြစ်သွားပြီး အနည်းငယ်ပြာနှမ်းအေးစက်နေသော ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်းပြန်နွေးလာသည်။

"အဆင်ပြေလောက်မှာပါ ..."

အရှင်အဓိပတိက တိုးညှင်းစွာဖြင့် သူ့ကိုသူနှစ်သိမ့်သလို ရေရွတ်လိုက်ပြီးနောက် ကေသရီခအား စွေ့ကနဲ ပွေ့ချီကာ အသင့်စောင့်ဆိုင်းနေသော ဘုရင့်နောင် တံတားအဆင်း နှင့် ခပ်လှမ်းလှမ်းမှ လူရှင်းသော လမ်းဘေးတစ်နေရာတွင် ရပ်ထားသည့် သူ၏ ကား ဆီသို့လျှောက်သွားလိုက်သည်။
ကားပေါ်တွင် ကိုယ်ရံတော် ဘရဏီက အသင့်စောင့်ဆိုင်းနေသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now