Unicode
ပန်းပြပွဲ နောက်ဆုံးရက်တွင် ရွေးချယ်ခံရသော ပန်းများအားဗုဒ္ဓ ဆင်းတုတော် များတွင် အသီးသီးကပ်လှူကာ နတ်များအားလုံးက ပူဇော်ကန်တော့ကြသည်။
ထိုနေ့တွင် သိကြားမင်းကြီးလည်းအခြွေအရံများနှင့်တကွကြွရောက်ကာ ဦးဆောင်ကပ်လှူ ပူဇော် သဖြင့် ပို၍ စည်ကားသက်ဝင်လေသည်။
ပန်းပြပွဲပြီးမြောက်သောနေ့တွင် နတ်များအားလုံး မိမိတို့ နေရာဌာန အသီးသီးသို့ အခြွေအရံများနှင့်တကွ နတ်ယာဥ်ပျံကြီးများဖြင့် အလာတုန်းကလိုပင် အချင်းချင်းနှုတ်ဆက်ကာ အလျိုလျိုပြန်သွားကြလေသည်။
မလိခ သည် သူရဇ္ဇ နှင့်အတူ တာဝတိံသာသို့ အလည်လိုက်သွားမည်စီစဥ်ပြီးမှ ပြပွဲတွင်ရွေးချယ်ခံရသော ပန်းမျိုးများအား အထက်နတ်ဘုံများသို့ ဘုရားကပ်လှူရန် ပို့ဆောင်ရမည်နှင့် သိကြားမင်းနှင့်တကွ စတုမဟာရာဇ် နတ်မင်းကြီးများအား လိုက်ပါပို့ဆောင်ရန်ကိစ္စရပ်များကြောင့် မအားလပ်ကြောင်း မလိခ ကို ပြောသဖြင့် သူ(မ) သည် ထို အလည်အပတ် အစီစဥ်ကိုဖျက်ပြီး ဝတ္တထရာသို့တန်းပြန်ရန်သာ စီစဥ်ခဲ့လေသည်။
သူ(မ) သည် ပြပွဲတစ်လျှောက် နတ်ဘုံအသီးသီးတို့နှင့် ရင်းနှီး ချစ်ကြည်မှုများ ၊ သံတမန် မိတ်ဆွေများ တိုးပွားအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း သူရဇ္ဇနှင့်ပတ်သက်၍ ပြောပလောက်အောင် ကျေနပ်ဖွယ်ရာ ဆက်ဆံရေးမရခဲ့ပါ။
သူရဇ္ဇသည် မလိခအား ညီမလေး တစ်ယောက်ထက်ပိုသော ဆက်ဆံရေးမျိုး မပြုလုပ်လိုသဖြင့် မလိခသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်သလိုဖြစ်ခဲ့သည်။
ထို့နောက် သူ(မ) အလာတုန်းကလိုပင် အခြွေအရံများအားလုံးခေါ်ကာ နတ်ယာဥ်ပျံနှင့် တကွ ဝတ္တထရာသို့ ထွက်ခွာလာခဲ့လေသည်။
....................................................................
ဝတ္တထရာ နန်းတော်၏ နတ်ယာဥ်ပျံများသက်ဆင်းရာနေရာတွင် မလိခသည် နတ်ယာဥ်ပျံပေါ်မှ ခပ်သွက်သွက် ဆင်းလိုက်သည်။ သူ(မ) ပင်ပန်းကာ အနားယူချင်နေပုံရသည်။
ထို့နောက် သူ(မ) ပြန်အလာကို စောင့်နေသော အရှင် အသင်္ချေ နှင့် မိဖုရားတို့ရှိရာ နန်းတော်ခန်းမသို့ သွားရန် ပြင်လိုက်သည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...