Chapter 3 -အဓိပတိ

1.9K 53 2
                                    

Unicode

အဖြူရောင်ကျောက်ပြားများ အပြည့်ကပ်ထားကာ လူတစ်ရပ်ကျော်မြင့်မားသည့် အုတ်တံတိုင်းကြီးဖြင့် ကာရံထားသည့် ထည်ဝါခမ်းနားလှသော အိမ်ခြံဝန်းကျယ်တစ်ခုရှေ့သို့ ခေတ်မီကားအဖြူရောင်တစ်စီးထိုးရပ်လိုက်သည်။

အနုစိတ် ကနုတ်လက်ရာများဖြင့် ခံ့ညားလှပသော ထိုခြံဝင်း‌ေပါက်မှ စတီးတံခါးကြီးသည် အလိုလျောက်စနစ်ဖြင့် တဖြည်းဖြည်းချင်းပွင့်သွားပြီး ထိုအဖြူရောင်ကားသည်လည်း ခြံဝန်းထဲသို့မောင်းဝင်သွားသည်။ ထိုခြံတံခါးကြီး၏ ညာဘက်အုတ်တံတိုင်းနံရံပေါ်ရှိ ရွှေရောင် သတ္တုပြားကြီးပေါ်၌ DRAGON KING GROUP OF COMPANY ဟုခံ့ညားသပ်ရပ်စွာရေးထိုးထားသည်။

ထို DRAGON KING GROUP OF COMPANY လက်အောက်တွင်

Dragon Power Security Co.,Ltd. ဟုခေါ်သော Security Service လုပ်ငန်းအမည်ခံ ‌ကြေးစားလူမိုက်ဂိုဏ်း ၊

NEXUS ENERGY ဆိုသော ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း ၊

"မဟာသံလွင် စိုက်ပျိုးရေး" လုပ်ငန်း အမည် ဖြင့် ရာသီစုံ သီးနှံစိုက်ပျိုးရေးကို ဟန်ပြပြီး ဘိန်းခင်းနှင့် ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်သောလုပ်ငန်း နှင့်

WHITE DRAGON TOBACCO International Co.,Ltd ဆိုသော စီးကရက်နှင့် ဆေးရွက်ကြီး ဆေးပြင်းလိပ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း အမည်ခံ ဆေးခြောက်နှင့်ဘိန်းဖြူဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းများရှိသည်။

ထိုခြံဝင်းထဲရှိ ခေတ်မီစံအိမ်ကြီးသည် အထက်ဖော်ပြပါ လုပ်ငန်းအားလုံးတို့၏ ပဲ့ကိုင်ရှင် ဇေယျမဟာအဓိပတိ (ခ) Zane နဂါးဖြူမင်း၏ လူ့ပြည်မှ ဗိမ္မာန်တော်ပင်ဖြစ်ပါသည်။

......................................................

"အရှင်....."

"ရေချိုးဖို့ အားလုံးပြင်ဆင်ပြီးပါပြီ ...."

ခံ့ထည်သော အဖြူရောင် ဆုံလည် ဆိုဖာ ပေါ်တွင် နောက်မှီလျက် ဧည့်ခန်းအားကျောပေးကာ ထိုင်နေသော အမျိုးသားတစ်ဦးကို ချောမောလှပသော အမျိုးသမီးတစ်ဦးမှ ဦးညွှတ်လျက် ရိုကျိုးစွာဖြင့်ပြောလိုက်သည်။

အမျိုးသားက ထိုအမျိုးသမီးအား တစ်စုံတစ်ရာစိတ်ဝင်စားဟန်မပြုပဲ ထိုင်ရာမှ ထရပ်လိုက်ပြီး ရေချိုးသည့်နေရာသို့ ဦးတည်ထွက်သွားသည်။ အမျိုးသမီးက ထိုအမျိုးသား သူမရှေ့မှ ဖြတ်လျှောက်ပြီးသွားသည်အထိ မျက်လွှာချကာ ခေါင်းကိုငုံ့ ထားရသည်။ ထို့နောက် ထိုအမျိုးသားချွတ်ချသွားသော အဝတ်အစားတို့ကို ‌ကြမ်းပြင်‌ပေါ် မှ တစ်ခုစီ လိုက်လံ ကောက်ယူသိမ်းဆည်းကာ သူမ၏ တာဝန်တစ်ခုပြီးဆုံးသွားဟန်ဖြင့် ထိုအခန်းမှ ထွက်သွား‌တော့သည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now