Chapter - 25 - ဘဝမှန်အားသိရှိခြင်း

885 41 15
                                    

Unicode

"ဘာ.....ခင်ဗျား..... ခင်ဗျားတို့ ပဏိတ္တထရာက ယုတ်မာလှချေလား..... ဝတ္တထရာရဲ့ ဧကရာဇ်လောင်းလျာ မင်းသမီးကို ဒီလိုမျိုး အိန္ဒြေပျက်အောင် လုပ်ကြံဝံ့တယ်......"

အဓိပတိ၏ ဒေါသတကြီးအော်ဟစ်လိုက်သံနှင့် ဝရုန်းသုံးကားဖြစ်နေမှုတို့ကြောင့် အပြင်ဖက်မှ သက်တော်စောင့် ၁ ယောက်သည် အခန်းထဲသို့ အလျင်အမြန် ဝင်လာသည်။ မဖုရား မလိခ ၏ အခြေအနေကို ​မြင်ရသောအခါ ၎င်းလည်း စိတ်ပူသွားလေသည်။

"မဖုရား...... တစ်ခုခုဖြစ်တာလား ခင်ဗျာ...... ပါလာတဲ့ သမားတော်ကိုအခုဆင့်ခေါ်လိုက်ပါ့မယ်......"

"ခေါ်လိုက်.......အခု....."

အဓိပတိက စိုးရိမ်စွာပြောလိုက်သည်။

"မခေါ်နဲ့ဦး......"

ဘရဏီက တားမြစ်လိုက်သည်။

သက်တော်စောင့်သည် အဓိပတိနှင့် ဘရဏီကို တလှည့်စီကြည့်ကာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

အဓိပတိက ဘရဏီအား ဘာလို့မခေါ်ရမှာလဲ ဟူသောအကြည့်ဖြင့် စူးရှစွာကြည့်နေသည်။

"သ ...သမားတော် ခေါ်ရမယ့် ကိစ္စ မဟုတ်သလို...... သမားတော်တွေတတ်နိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး ဖုရား..... ဟို..... ဟို..... အရှင်မ ဖုရား မှာ ကိုယ်လုပ်တော်များ ရှိပါသလား....... "

"ခင်ဗျား..... ဘာကိုဆိုလိုတာလဲ......."

အဓိပတိက စိတ်မရှည်သလိုမေးလိုက်သည်။

"အရှင်မဖုရားရဲ့ သိက္ခာနဲ့ဆိုင်တဲ့ ကိစ္စ မို့လို့ သမားတော်တွေရောက်လာရင် အရှင်တို့ ဝတ္တထရာမှာ အရှုပ်အထွေးတွေဖြစ်နိုင်ပါတယ်.......
သူတို့ထက်စာရင် ဒီလိုကိစ္စမျိုးက ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တွေ ဖြေရှင်းပေးရမယ့်ကိစ္စပါ........"

အဓိပတိက ဘရဏီ ဆိုလိုချင်သည့်သဘောကို ချက်ချင်းနားလည်လိုက်သည်။
သို့သော်လည်း မဖုရားသည် အရွယ်ရောက်ပြီးသားလည်းမဟုတ်သေးသလို ဧကရာဇ်လည်း မတင်မြှောက်ရသေးသဖြင့် မဖုရားကို ဖျော်ဖြေရန် အမျိုးသား ကိုယ်လုပ်တော်များလည်း မခန့်ထားပါ။
အဓိပတိ အတော်ပင် အကျပ်ရိုက်သွားသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now