Chapter -17- မိုးခွင်း

734 34 7
                                    

Unicode

"အရှင်.....အဲ့လိုလုပ်ဖို့ မသင့်လျော်ပါဘူး ဖုရား....."

အရှင်အသင်္ချေသည် သမီးတော်လေး မလိခ ၏ နဖူးအလည်တည့်တည့်သို့ အဓိပတိထံမှရသော အမြုတေကိုထည့်ပေးရန်ပြင်လိုက်သဖြင့် တော်ဝင်သမားတော် ကုသလ က ကမန်းကတန်း တားလိုက်ခြင်းဖြစ် သည်။

"ဘာဖြစ်လို့လဲ ..... ကောက်ရိုးတစ်မျှင်ဆိုရင်တောင် ငါ့သမီးတော်လေး ဘဝ အတွက် စမ်းကြည့်သင့်တယ်မဟုတ်ဘူးလား.... "

"အရှင် သတိထားမိရဲ့လား ....အမြုတေလေးကို သမီးတော်လေးအနားကပ်လိုက်တာနဲ့ သမီးတော်လေးက ကိုယ်အရောင် အဝါတွေအနည်းငယ်ဖျော့သွားတာကို ...."

"........"

အရှင်သည် ကိုယ့်ဇောနဲ့ကိုယ် ဖြစ်နေသဖြင့် ထိုအရာကို သတိမထားမိခဲ့ပေ။ တော်ဝင်သမားတော် ကုသလ ပြောမှ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

"ဒါ....ဒါဆို ....ငါ့သမီးတော်လေးကို ပေးလို့မရဘူးပေါ့....."

တုန်ယင်သွားသော အသံဖြင့် အရှင်အသင်္ချေသည် မျှော်လင့်ချက်များပျောက်ဆုံးသလိုဖြစ်သွားသည်။

"သမီးတော်လေးက မွေးကင်းစအရွယ်လေးဖြစ်နေပြီး ဒီစွမ်းအားပြင်းထန်တဲ့ အမြုတေကို လက်ခံဖို့ရာ အလွန်အားနည်းသေးငယ်သူပါဖုရား.....
အဓိကတိ မင်းသားငယ်ကတော့ သူ့မွေးရာပါ ပိုင်ဆိုင်မှုဖြစ်တာမို့ ဘာမှမထိခိုက်ပေမယ့် .....သမီးတော်လေးက သူပိုင်အဟုတ်တဲ့ စွမ်းအားပြင်းအမြု‌တေ ကို လက်ခံထိန်းသိမ်းဖို့ရာ သူ့ခန္ဓာကိုယ်က အားနည်းလွန်းပါတယ် ဖုရား.....
ကျွန်တော်မျိုး အကြံပေးချင်တာကတော့ သားအဖရင်း ဖြစ်တဲ့ အရှင့် အမြုတေကို သမီးတော်လေးကို ပေးပြီး ....ဒီအားပြင်းတဲ့ အမြုတေကို..........."

သမားတော်ကုသလ က စကားကိုဆက်မပြောပဲရပ်ထားလိုက်ကာ အရှင့်ကို အကဲခတ်သလိုကြည့်လိုက်သည်။

အရှင်က သမားတော် ကုသလ ဆက်ပြောလိုသည့် စကားလုံးတို့၏ အဓိပ္ပါယ်ကို အလွယ်တကူပင် နားလည်သဘောပေါက်သွားပြီး ကျေနပ်သလို ပြုံးလိုက်သည်။

ထို့နောက် အရှင်အသင်္ချေသည် လောဘဇောတက်ကာ အဓိပတိ၏အမြုတေကို လိုချင်တပ်မက်စိတ်များပေါ်ပေါက်လာသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now