Chapter 9 - အစေခံ 💔

1.7K 37 2
                                    

Unicode

"နင် တကယ်ကတိပေးလား ..... "
မျက်လုံးကလေးများ အရောင်လက်ကာ စွာတာတာလေး သူ(မ)ကမေးလာသည်။

"ကျွန်တော်မျိုး ကတိပေးတယ် ... မဖုရားကို အမြဲတမ်းကာကွယ်ပေးမယ် ....."

ထိုစကားကိုကြားတော့ သူမ ကျေနပ်သလို တစ်ခစ်ခစ်ရယ်လိုက်သည်။

အပြစ်ကင်းပြီး ဖြူစင်လွန်းသည့် တော်ဝင်နဂါးမလေးက တစ်နေ့တခြား နဂါးပျိုပေါက်လေးအရွယ်ပင်ရောက်လာ၍လားမသိ အဓိပတိ မျက်လုံးထဲတွင်သာမက နှလုံးသားထဲအထိပါ စိုးမိုးနေလေသည်။

"အဓိက ....ဒီနားတိုးခဲ့ ....ငါ့ကို ကုန်းပိုး ...."

သူ့နာမည်က အဓိပတိ ဖြစ်သော်လည်း သူ(မ)နှင့် အသက်မတိမ်းမယိမ်မို့ "အဓိက" ဟုသာ သူ(မ)ခေါ်လေ့ရှိသည်။

ထိုကလေးမလေးက အမိန့်ပေးသလို ပြောလိုက်တော့ အဓိပတိ ဆိုသည့် နဂါးအစေခံကောင်လေးက မင်းသမီးလေး ခြေထောက်ရှေ့တွင် လေးဘက်ထောက်လိုက်၏။ မင်းသမီးလေးက သူ၏ ကျောကုန်းပေါ်သို့ အလွယ်တကူခွ၍ တက်လိုက်ပြီး

"ကြာပန်းတွေသွားခူးရအောင် ....."

"ကောင်းပါပြီ မဖုရား ...."

ထို့နောက် သူ(မ) အား ကုန်ပိုးပြီး ကြာကန်ဘက်ဆီသို့ ထွက်လာကြသည်။
.................................................
...................

ကြာကန်ထဲတွင် အခြား နဂါးငယ်လေးများကလည်း ကြာပန်းများကြား ဆော့ကစားနေသည်။

"အဓိက .....
ငါ ကြာခွက်တွေစားချင်လို့....
ဟိုးးအလည်နားက သူတို့ဆော့နေတဲ့ အကြီးကြီးတွေ သွားခူးပေး.."

အဓိပတိက သူ(မ) ညွှန်ပြသော ကြာကန်၏ အလည်လောက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သူတို့နှင့် အသက်မတိမ်းမယိမ်းအရွယ် အခြား နဂါးမင်းသား မင်းသမီးငယ်လေးများ အုပ်စုဖွဲ့ကာဆော့ကစားနေကြသည်။ သူတို့အုပ်စု ဆော့နေသည့် ကြာခွက်များအား သွားယူရန်မှာ လူသားလိုဆိုလျှင် သူများဆော့နေသည့် အရုပ်များ သွားလုရသလိုပင် ။

ထိုကဲ့သို့ ပြုလုပ်ရန် မသင့်တော်သော်လည်း အဓိပတိက မဖုရား၏အမိန့်ကို ငြင်းဆန်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မဖုရား၏ ကိုယ်ပိုင်အစေခံ တစ်ဦးဖြစ်နေသောကြောင့်ပင်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now