Unicode
ကေသရီခ၏ မိဘများ က ရန်ကုန်တွင် တစ်ပတ်လောက်နေမည် စိတ်ကူးထားသော်လည်း သမီးအခြေအနေကလည်း တည်ငြိမ်နေပြီဖြစ်ပြီး လိုအပ်သောယတြာများလည်း ဒီရက်ပိုင်းတွင် အကုန်ပြုလုပ်ပြီးစီးသွားလေသည်။ ပြင်ဦးလွင်မှ ခြံလုပ်ငန်းများမှာလည်း အလုပ်သမားများဖြင့်သာ ထားခဲ့ရသဖြင့် စိုးရိမ်သောကများနေရသောကြောင့် ၃ ရက်ခန့်သာ နေပြီး ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းလောက်တွင် ပြင်ဦးလွင်သို့ပြန်ကြရန် တိုင်ပင်ထားကြသည်။
ရန်ကုန်တွင် သမီး ကေသရီခ ၏ အဆောင်၌ မိခင်ဖြစ်သူက ခဏလိုက်နေ၍ အဆင်ပြေသော်လည်း အမျိုးသီးသီးသန့် အဆောင်ဖြစ်သဖြင့် ဖခင်မှာ မိတ်ဆွေတစ်ဦး၏ အိမ်တွင် သွားရောက်တည်းခိုနေရသည်မှာလည်း အားနာလှပြီ ဖြစ်သောကြောင့်လည်းပါသည်။
..........................................................ရန်ကုန်မြို့၏ မိုးဖွဲည
"သမီးရေ .... အပြင်မှာ အဝတ်တွေ မိုးပက်ကုန်မယ် အကုန်သာရုတ်လိုက်တော့.... ဂျင်းဘောင်းဘီတွေပဲ ခြောက်ဖို့ နည်းနည်းလိုမှာ ကျန်တာတွေကအပါးလေးတွေပဲဟာ... ခြောက်လောက်ပါပြီ ...."
"ဟုတ် .... "
ကေသရီခ ကျောင်းသွားနေချိန်တွင် သူမ၏ မိခင်သည် အဆောင်တွင် ကျန်နေခဲ့ပြီး သမီးဖြစ်သူ အတွက် ကြိုက်တတ်သော ဟင်းလျာလေးများအား စီမံချက်ပြုတ်ခြင်း၊ သမီးလေး၏ မလျှော်ရသေးသော အဝတ်များအား အဆောင်ရှိအဝတ်လျှော်စက်တွင် လျှော်ပေးပြီး နေလှန်းထားခြင်း စသည့်အလုပ်တို့ဖြင့် ရှုပ်လျက်ရှိသည်။ တစ်ဦးတည်းသော သမီးချောလေး ကေသရီခအတွက် ကြီးမားလှသော မိဘမေတ္တာပင်။
အဝတ်များရုတ်ရင်း လျှော်လှန်းထားသော အဝတ်များထဲမှ ညှပ်ဖြင့်ညှပ်ကာ လှမ်းထားသော တစ်စုံတစ်ခုကိုသူမ မြင်လိုက်သည်။
ထို့နောက် သူမ စိတ်ထဲမှ ရေရွတ်လိုက်သည်။"မာမီ .... ဒီပုဝါလေးလျှော်လိုက်ပြီကိုးး....."
မာမီက သူမပုဝါလို့ ထင်နေပုံရကာ လျှော်လှန်းပေးထားသော ထိုသူ၏ ပုဝါဖြူလေး ။လျှော်ပြီးပြီမို့ ထိုသူ့အားပြန်ပေးသင့်သည် ဆိုသော်လည်း ထိုသူ့ဟာ ဟုတ် မဟုတ် သေချာသည့်အထောက်အထားလည်း သူမတွင် မရှိပါ။ မျက်နှာတစ်ခါမှ မမြင်ဖူးတာမို့ အသံချင်းတူတဲ့လူလည်းဖြစ်နိုင်တာကာ ထိုသူ့အား ဒီပုဝါပြန် ပေးသင့် မပေးသင့် သူမ မဆုံးဖြတ်တတ်ပါ။ ပြီးတော့ ထိုသူနဲ့ နောက်တစ်ခါ ထပ်ဆုံဖို့ သူမ ဝန်လေးနေမိသည်။
သူ့ကိုတွေ့လျှင် သူမရင်ခုန် စိတ်လှုပ်ရှားမိမည်ကို စိုးရိမ်နေသည်ဟုဆိုက ပိုမှန်ပေလိမ့်မည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...