Chapter - 28 - ခမည်းတော်

904 43 8
                                    

Unicode

မိဘများအတွက် ဝမ်းနည်းကြေကွဲနေသူ မလိခ သည် မှိုင်းမိနေသလို ပူဆွေးငေးငိုင်နေရာမှ ရုတ်တရက် အသိပြန်ဝင်လာကာ အဓိပတိကို တစ်ခုခု ထိခိုက်အောင်လုပ်ရန်ပြင်လိုက်သည်။

"မိုးခွင်း...."

အလင်းကဲ့သို့ လျင်မြန်စွာပင် မိုးခွင်းသည် မလိခ လက်ထဲရောက်ရှိလာသည်။ ထို့နောက် မလိခသည် ထိုကြာပွတ်ကို တင်းတင်းဆုပ်ကိုင်ကာ အားကုန်လွှဲ၍ ​ကျောခိုင်းထွက်ခွာသွားသော အဓိပတိ၏ နောက်ကျောပြင်သို့ ဦးတည်ကာရိုက်ချလိုက်သည်။

"......"

အားပြင်းသော ရိုက်ချက်သည် ပစ်မှတ်ကို အတိအကျရောက်သွားသော်လည်း အဓိပတိ၏ ကျောပြင်သို့ မထိခင်မှာပင် "မဟာတံတိုင်း"သည် အလျင်အမြန်ပေါ်ထွက်လာကာ အဓိပတိ၏ ကျောပြင်ကို ကာကွယ်ပေးလိုက်သည်။

အဓိပတိသည် သူ့နောက်ကျောဘက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်ရာ မလိခသည် မဟာတံတိုင်းဝတ်ရုံနှင့်ထိခတ်မိပြီး ပြန်ကန်ထွက်လာသော မိုးခွင်းကြောင့် ဟန်ချက်ပျက်ကာ အနောက်သို့ အနည်းငယ်ယိုင်လဲသွားသည်ကိုမြင်လိုက်ရသည်။

"မဟာတံတိုင်းက ဘယ်လိုဖြစ်ပြီး....
နင်.... ခမည်းတော်ရဲ့ အမြုတေကို လုယူလိုက်တယ်ပေါ့......"

ဒေါသကြောင့်တုန်ယင်နေသောသူ(မ) ခန္ဓာကိုယ်လေးသည် ကြာပွတ်ကို ပို၍ တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး နာကျည်းချက်တို့ရောပြွန်းသော မျက်နှာလေးသည် အရွယ်နှင့်မလိုက်အောင်ပင် ခက်ထန်လို့နေသည်။

"ဟက်......ဒီနေ့တစ်နေ့လုံး ကျွန်တော်မျိုး ရယ်စရာ တွေနဲ့ချည်း ကြုံနေရပါလား.......ဘယ်သူ့အမြုတေလည်း သိချင်ရင် မဖုရား ခမည်းတော်နောက်ကို ခဏနေ လိုက်မေးကြည့်ပါ......."

မလိခ အား ရင့်ရင့်သီးသီးပြန်ပြောရခြင်းအား အဓိပတိသည် ပြောမပြနိုင်အောင် ပီတိဖြစ်လို့နေသည်။ သူ့ဘဝတွင် အခုလို တုန့်ပြန်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ မဟုတ်လား။

"....."
"နင်အခုချက်ချင်း အဲ့တာကို ပြန်ပေးစမ်း....... အစေခံရဲ့....
ခမည်းတော်အမြုတေက နင်နဲ့မတန်ဘူး......"

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now