Unicode
"အရှင်....."
သိမ်မွေ့ညင်သာသော ခေါ်သံလေးတစ်ခုအား မလိခ နားထဲ ကြားလိုက်ရသည်။ ထိုအသံလေးသည် အဓိပတိ ၏ အနောက်ဖက်မှထွက်ပေါ်လာသည်ဖြစ်ရာ အသံလာရာဘက်သို့ မလိခ လှမ်းကြည့်လိုက်သည်။
အဓိပတိလည်း မလိခလိုပင်လှည့်ကြည့်လိုက်သည်။
အနက်ရောင် ဝတ်စုံလေးအားငွေနားကွပ် ငွေချည်မျှင်လေးများ အလှပုံဖော် ရက်လုပ်ထားပုံရသော လှပခမ်းနားသည့် ဝတ်စုံလေးကို ဝတ်ဆင်ထားကာ အဖြူရောင် ဝတ်ရုံလေးဆင်မြန်းထားသည့် နဂါးဖြူ မိန်မပျိုလေးတစ်ဦးသည် အဓိပတိနှင့် မလှမ်းမကမ်းတွင် ရပ်နေသည်။
ထိုနဂါးဖြူမလေးသည် ရင်ခုန်စိတ်လှုပ်ရှားနေပုံရကာ ဖြူစင်သည့် မျက်နှာလေးသည်လည်း ရှက်စနိုးပုံစံလေးဖြင့် အနည်းငယ် နီစွေးနေသည်မှာ ငေးယူရလောက်သည့် တကယ့် ရှားပါး အလှတရားလေးဖြစ်သည်။
"မြပုဏ္ဏမီ....."
အဓိပတိက သူ(မ) အမည်ကိုခေါ်ကာ လက်ကမ်းပေးလိုက်သည်။
ထို မိန်းကလေးက မဝံ့မရဲပုံစံလေးဖြင့်လျှောက်လှမ်း၍ အဓိပတိ အနားသို့ တိုးကပ်လာကာ အဓိပတိကမ်းပေးသောလက်ဆီသို့ သူ(မ)လက်ချောင်းသွယ်သွယ်လေးများ လှမ်းတင်လိုက်သည်နှင့် အဓိပတိသည် ညင်သာစွာဆွဲယူလိုက်လေသည်။
အနီးကပ်ကြည့်မှ ထို မိန်းကလေးသည် မလိခ ထက်မလျော့သော ရုပ် အဆင်း ရူပါရှိပြီး တော်ဝင်နန်းထိုက် အလှပဂေးလေးပင်ဖြစ်ကြောင်း မလိခ တွေ့မြင်လိုက်ရသည်။
"ဒါက ဒီအရှင်ရဲ့ ကြင်ယာတော်လောင်းလျာပေါ့..... အနာဂါတ်ဝတ္တထရာရဲ့ မိဖုရားဖြစ်မယ့်သူပါ...... စာရင်းတင်သွင်းကြတဲ့ မိဖုရားလောင်းလျာ ၃ သိန်းကျော်ထဲကမှ အရည်အချင်းအဆင့်ဆင့် ဖြတ်ကျော် ယှဥ်ပြိုင်ခဲ့ရပြီး တကယ်ထိုက်ထိုက်တန်တန်နဲ့ ရွေးချယ်ခံခဲ့ရသူလေးပါပဲ........
ဒီရက်ပိုင်း ဒီအရှင် မအားလပ်တဲ့ ကိစ္စတွေထဲမှာ ကြင်ယာရွေးချယ်ပွဲလည်းပါဝင်ပါတယ်.......
မဖုရားနဲ့ မိတ်ဆက်ပေးပါရစေ......
မြပုဏ္ဏမီ မင်းသမီးပါ....
အမတ်ချုပ်ကြီးရဲ့ သမီးတော်ပေါ့......
မရှက်တမ်းဝန်ခံရရင် ကြမ်းတမ်းခက်ထန်တဲ့ ဒီအရှင်ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူလေးပါ........ "

YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romans"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...