Unicode
"အရှင် ......အရှင်....
သတိရပါပြီလား အရှင် ....."
မသဲ မကွဲအသံများက တဖြည်းဖြည်းရှင်းလင်းပြတ်သားစွာသူ့နားထဲကြားလားရသဖြင့် အဓိပတိသည် သူ့မျက်လုံးများကို အားယူကာဖွင့်ကြည့်လိုက်သည်။မှုန်ဝါးဝါး မြင်ကွင်းထဲတွင် ကိုယ်ရံတော် ဘရဏီ ၊ ကိုယ်ရံတော် အဂ္ဂ ၊ သမားတော် နွယ်သာကီ နှင့် ဘုရင့်သက်တော်စောင့်အဖွဲ့ တို့သည် အဓိပတိ၏ အိပ်ခန်းတစ်ခုရှိ အိပ်ယာဘေး တွင်ဒူးထောက် ခစားနေကြသည်။
"ဘာထိုင်လုပ်နေကြတာလဲ .....ငါ နတ်သက်ကြွေ တော့မှာမို့လို့လား ....."
အနည်းငယ်မောဟိုက်နေသာ ခြောက်ကပ်ကပ် အသံဖြင့် အဓိပတိကမေးလိုက်သည်။"မ...မဟုတ်ပါဘူး.... အရှင်....
အရှင် သတိမရသေးလို့စောင့်နေကြတာပါ...."အဓိပတိက သက်ပြင်းတစ်ချက်ချကာ တဖြည်းဖြည်းအားယူပြီးထထိုင်လိုက်သည်။
အတိတ်က အကြောင်းအရာများအား အိပ်မက်မက်သဖြင့် အနည်းငယ်မောဟိုက်နေသည်မှလွဲ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျဥ်မှု မရှိ။ အားလုံးပုံမှန်အတိုင်းပင်။အဂ္ဂက သူ့သတိမေ့နေစဥ် ညဝတ်ရုံလွှာအသစ်တစ်ခု လဲဝတ်ပေးထားဟန်တူသည်။ အဓိပတိက သူ၏ ဖားလျားကျနေသော ငွေရောင်ဆံနွယ်များကို အနည်းငယ်စိတ်ရှုပ်လာသဖြင့် လက်ဖြင့်စုပြီး လုံးလိုက်ရာ သူ့ဆံပင်များက အနက်ရောင်ပြောင်းလဲသွားက တိုဝင်သွားကြပြီး လူသားအမျိုးသားများ၏ သာမာန်ဆံပင်ပုံစံလို ရိုးရိုးရှင်းရှင်းဖြစ်သွားသည်။
ထို့နောက် ကိုယ်ရံတော် အဂ္ဂက အညိုရောင် ဆေးရည် တစ်မျိုးထည့်ထားသောခွက်ကို ကမ်းပေးလိုက်သည်။
"သမားတော်ဖော်စပ်ပေးထားတဲ့ မဉ္ဇူသက္ကဆေးရည်ပါ အရှင်"
အဓိပတိက တစ်ကျိုက်တည်းမော့ကာ တစ်ခွက်လုံးကုန်အောင် သောက်လိုက်သည်။
အနည်းငယ်ဖိတ်ကျသွားသော ဆေးရည်စက်တို့သည် အရှင်အဓိပတိ၏ နှုတ်ခမ်းသားများမှတစ်ဆင့် သူ၏ တုတ်ခိုင်သော လည်ပင်းတစ်လျှောက် ကြွက်သားနှင့်လည်စေ့ပေါ်မှဖြတ်၍ ရင်အုတ်ပေါ်အထိ တရွေ့ရွေ့ စီးဆင်းသွားကြသည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...