Unicode
"ကျောက်တုံးပေါ် လက်တွေတင်ထားလိုက်......."
ပြတ်သားသော အသံဖြင့် မလိခက အဓိပတိအား မျက်လုံးချင်း မဆုံပဲ ပြောလိုက်သည်။
ပန်းလှလှလေးများပွင့်လျက် စက်ဝိုင်းပုံ ကျောက်တုံးများ ဟိုဟိုဒီဒီ ခင်းထားသော "မင်္ဂလာ" ဟုအမည်ရသည့် ဥယျာဥ်ထဲရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ အဓိပတိ လက်များအား ဖြတ်ရန် အဆင်သင့်လုပ်ခိုင်းနေသည်။
အစေခံဖြစ်သူအဓိပတိကို ပို၍ အရှက်ကွဲစေချင်သောကြောင့် မလိခသည် အဓိပတိ၏ လည်ပင်းတွင် "မိုးခွင်း"အားပတ်ကာ လေးဘက်ထောက်လျှောက်စေလျက် နန်းတော်၏ အများ သူငှာ အသွားအလာများသော နေရာများမှ တမင်ပတ်၍ မင်္ဂလာ ဥယျာဥ်ထဲ ခေါ်လာခဲ့သည်။
"မဖုရား ရဲ့ လက်တွေ အပူလောင်ဒဏ်ရာ သက်သာသွားပါပြီလား "
အဓိပတိက သူ့လက်၂ ဘက်အား မဖုရား အမိန့်အတိုင်း ပြုလုပ်ကာ တည်တည်ငြိမ်ငြိမ်ပင်မေးလိုက်သည်။
ထိုသို့မေးလိုက်သည်ကို မလိခသည် တမျိုးတမည်အဓိပ္ပါယ်ကောက်လိုက်ပုံရသည်။
"ဟားးး.....ဟားးးး.....နင်အဲ့လို ငါ့ကို ဂရုစိုက်စိုက်တဲ့ပုံစံ လုပ်ပြလိုက်တာနဲ့ ငါစိတ်ပြောင်းသွားမယ် ထင်နေတာလား...... "
"အထင်မလွဲပါနဲ့ မဖုရား...... ကျွန်တော်မျိုးက ကိုယ့်ကိုကိုယ် စိတ်ပူလို့မေးတာပါ.....မဖုရား လက်နာနေသေးရင် ကျွန်တော်လက်ကို တစ်ကြိမ်ထဲနဲ့ ပြတ်အောင် မဖြတ်နိုင်မှာစိုးရိမ်မိလို့ပါ......မဖုရား"
ထိုစကားသည် မထင်မှတ်လောက်အောင် နူးညံ့ညင်သာပြီး ရိုကျိုးစွာပြောနေသော်လည်း သူ(မ)ကို တစ်ဖက်လှည့်နှင့် စော်ကားလိုက်သော စကားမှန်း အသ်ိသာပင်။
အဓိပတိသည် လက်ဖြတ်ခံရမည့်အတူတူ သူ၏သေးနုပ်သော နောက်ဆုံးအရှက်သိက္ခာကိုပင်ရှိခွင့်မပေးပဲ အကြိမ်ကြိမ်နင်းချေခဲ့သောကြောင့် သူ (မ) ကို တစ်ခုခု ထပ်တူ ခံစားရအောင် လုပ်ချင်နေသဖြင့် တမင်ခနဲ့လိုက်ခြင်းဖြစ်သည်။
"နင်.......တော်တော် မိုက်ရိုင်းတဲ့ အစေခံပဲ......မပူနဲ့ နင့်လက်တင်မကဘူး နင့်မျက်လုံးတွေကိုပါဖောက်ထုတ်ပစ်မှာ...."
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...