Chapter - 21- လျှို့ဝှက်ချက်

654 26 12
                                    

Unicode

အိပ်ယာထဲတွင် မလိခသည် နေ့လည်က ဖြစ်ပျက်သမျှ အကြောင်းများတွေးကာ အိပ်မပျော်နိုင်ပဲရှိနေသည်။

အဓိပတိကိုလည်း နေ့လည်မှ စပြီး သူ(မ) ထပ်မတွေ့ရသေးပေ။

သူ(မ) မိဘတို့ က သူနှင့်သွေးဆက်မဖြတ်ရန် ၊ နတ်သက်မခြွေရန် တားမြစ်လိုက်သောကြောင့် အဓိပတိက ရောင့်တက်ကာ သူ(မ) အား မထီမဲ့မြင်ပြုနေပြီလားဟု တွေးမိကာ စိုးရိမ်မိသော်လည်း သွေးဆက်ထားသော အစေခံမို့ သူသည် ခေါင်းမာနေသည့်တိုင်အောင် သူ(မ) လက်ခုပ်ထဲက ရေပင် ဖြစ်နေဦးမည် ဆိုသည့် အချက်က သူ(မ) အား စိုးရိမ်မှုတို့မှ သက်သာသွားစေသည်။

သွေးဆက်ထားသော အစေခံကို အရှင်သခင်ဘက်မှ သွေးဆက်ဖြတ်လိုက်ပါက ထိုအစေခံသည် အလိုလို နတ်သက်ကြွေသွားမည်ဖြစ်သည်။ အစေခံဖက်ကသွေးဆက်ဖြတ်၍မရပဲ အရှင်သခင်ဘက်ကဖြတ်မှသာရသည်။
သွေးဆက်ဟူသည် အ​စေခံအား လည်ပတ်နှင့် တွဲချည်ထားသော ကြိုးတစ်ချောင်းလိုပင်ဖြစ်သည်။

ထိုအချက်ဖြင့် သွေးဆက်အစေခံတို့အား ရိုးကျိုးသစ္စာရှိစေရန် ချုပ်ကိုင်ထားကြသည်ဖြစ်ရာ မလိခသည်လည်း အဓိပတိကို ထိုကဲ့သို့ သွေးဆက်ဖြတ်ကာ နတ်သက်ခြွေချင်စိတ်ပေါက်နေမိသည်။

သို့သော်လည်း ယခုအချိန်ထိ အဓိပတိ က အခစားရောက်မလာသေးသဖြင့် မလိခစိတ်ထဲတွင် တစ်ခုခုလိုအပ်နေသလိုလို ဟာတာတာဖြစ်နေသည့် စိတ်က သူ(မ)ကို စိတ်ချ လက်ချ အိပ်ပျော်စေရန် တားဆီးထားသလိုဖြစ်နေ၏။

အဓိပတိ သည် သူ(မ) ၏ ဆံနွယ်တွေလို အမြဲတမ်း သူ(မ) နောက်တွင် ရှိနေခဲ့ရာ ယခုလို နေ့တပိုင်းကျော်သည်အထိ အချိန်မြင့်စွာ ခွဲခွာနေရသည်ဟူ၍ သူ(မ) ဘဝ တစ်လျှောက် ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်။

နေ့စဥ် နှိပ်နယ် ပေးနေကျ သန်မာသော သူ့ လက်များ ကိုတောင့်တနေသည့်အလား သူ(မ) ခြေချောင်းလေးများက ညောင်းသလိုလို ကိုက်သလိုလို ခံစားနေရသည်။

ဗိုက်ဆာသလိုလို ခံစားရသဖြင့် ယောင်ယမ်းကာ ခေါ်နေကျ နာမ်စားကို လှမ်းခေါ်ရန်ပြင်ပြီးမှ သူမလာသေးဘူးဆိုသည့်အတွေးကဝင်လာသောကြောင့် ပို၍ဒေါသထွက်လာမိသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now