Chapter - 46 - သတို့သမီးရှာပုံတော်

562 54 5
                                    

Unicode

အဓိပတိ ....ထတော့ ... ထစမ်း......အဓိပတိ.....

ဝိရူပက္ခ နတ်မင်းကြီးက အဓိပတိ နဖူးအလယ်ထဲသို့ သူ့အမြုတေကိုပြန်ထည့်ပေးရင် နှိုးနေသည်။

အဓိပတိသည် မိုးကြိုး အပြစ်ဒဏ်ကို ခံပြီးနောက် မေ့မျောနေသည်မှာ နေ့ဝက်ခန့်ရှိနေပြီဖြစ်သည်။

ခဏ အကြာတွင် အဓိပတိသည် တဖြည်းဖြည်းမျက်လုံးပွင့်လာလေသည်။

စူးရှသော အလင်းရောင်ကြောင့် မျက်လုံးများ ကောင်းစွာမဖွင့်နိုင်သေးသော်လည်း ဝိရူပက္ခနတ်မင်းကြီးက အဓိပတိ မြင်ကွင်းထဲတွင် ဝိုးတဝါးပေါ်ထွက်လာသည်။

"အားး.... ညောင်းလိုက်တာ ...."

အဓိပတိသည် အကြောဆန့်သလိုပြုမူရင်း မတ်တပ်ရပ်လိုက်သည်။

" ကြည့်ရတာ နေကောင်းပုံပဲ...."

နတ်မင်းကြီးက ခနဲ့သလိုပြောလိုက်သည်။

"ကျွန်တော်လား ....အိမ်မက်တွေပါ မက်နေသေးတာ .... "

"အိပ်မက် မက်မနေနဲ့ နေ့တဝက်ရှိပြီနော် ..... မင်း ကိုယ့်ဘာသာ သတိမရလာပဲ မေ့မျောနေလို့ ငါနှိုးပေးတာ ....မင်းလုပ်စရာကိစ္စတွေရှိတယ်မို့လား သွားတော့ ..."

နတ်မင်းကြီး၏ စကားအဆုံးတွင် အဓိပတိ ခေါင်းနပန်းကြီးသွားသည်။

"ဒီမှာနေ့တစ်ဝက်ဆို လူ့ပြည်မှာ ၅ နှစ်တောင်ကြာသွားပြီပေါ့ .....မဖြစ်ဘူး .....ကျွန်တော်သွားတော့မယ် .....သက်ရှည်ကျန်းမာဘုန်းတန်ခိုးအာဏာ တည်တံ့ပါစေ နတ်မင်းကြီး...."

ထို့နောက် အဓိပတိသည် သူနိုးလာမည့်အချိန်ကို အသင့်လာစောင့်နေသော ဘရဏီ နှင့်အတူ လူ့ပြည်သို့ အမြန်ဆုံးပြန်လာခဲ့လေသည်။

သာမာန်လူ မျက်စိဖြင့် အလင်း၏အမြန်နှုန်းလို လျှပ်စီးတစ်ဖျပ်မျှလျင်မြန်သော နတ်စွမ်းအားဖြင့် ပြန်လာခြင်းဖြစ်သော်လည်း မလိခ နတ်သက်ကြွေပြီးနောက်တွင် သူ့ကိုယ်သူဘယ်လိုဆက်လက်ရှင်သန်ဖို့ကြိုးစားခဲ့ရကြောင်းကို အဓိပတိ က ပြန်လည်အောက်မေ့သတိရစွာဖြင့်တွေးနေမိသည် ။ တစ်နေ့နေ့တော့ မဖုရားကို ထိုအကြောင်းများပြောပြချင်မိသေးသည်ဟု စိတ်ကူးယဥ်ကာ လူ့ပြည်သို့ တန်းတန်းမတ်မတ်ရောက်လာခဲ့လေသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now